၂၇. ၄. ၂၀၂၃
Written by Pan Ei

ကမ္ဘာကျော် Suicide Squad ရုပ်ရှင်ထဲက အသက် ၅၁ နှစ်အရွယ် ဂျိုကာသရုပ်ဆောင် Jared Leto ဟာ အသက် ၂၇ နှစ်အရွယ် မြန်မာပြည်ဖွား မော်ဒယ် သက်သက်သင်း – Beauty နဲ့ တွဲနေကြတယ်လို့ ကောလာဟလ သတင်းတွေ ထွက်ရှိနေပါတယ်။

အခုလို ကောလာဟလသတင်းထွက်လာပုံကတော့ ဒီသီတင်းပတ်အတွင်းမှာ Dunkin’ Donuts ကော်ဖီဆိုင်ကနေ Jared Leto နဲ့ သက်သက်သင်းတို့ အတူတွဲထွက်လာကြပုံတွေကို ပါပါရာဇီတွေက အမိအရ ဓာတ်ပုံရိုက်ယူနိုင်ခဲ့တာကနေ စတင်ခဲ့တာပဲ ဖြစ်ပါတယ်။

ကာယကံရှင်နှစ်ဦးကတော့ အဆိုပါ ကောလာဟလတွေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားတာတွေ မရှိသေးပေမဲ့ ပရိသတ်တွေကတော့ ထင်မြင်ချက်များစွာနဲ့ သူတို့ရဲ့ အချစ်ရေးအကြောင်းကို စိတ်ဝင်စားနေကြပါတယ်။

ဒါ့အပြင် ငယ်ရွယ်သူတွေနဲ့သာ တွဲခုတ်တတ်တယ်လို့ နာမည်ကြီးနေတဲ့ မင်းသား Jared Leto ဟာ အခုအခါမှာလည်း သူနဲ့ အသက် ၂၄ နှစ်လောက်ကွာတဲ့ မော်ဒယ် သက်သက်သင်းနဲ့ တွဲနေပြီလားဆိုတာကိုတော့ ပရိသတ်တွေက ထင်ကြေးအမျိုးမျိုးပေးနေကြပါတယ်။

မြန်မာပြည်ဖွား နိုင်ငံတကာမော်ဒယ် Beauty လို့ ကမ္ဘာကသိကြတဲ့ သက်သက်သင်းဟာ ကမ္ဘာ့အဆင့်မီ ပရော်ဖက်ရှင်နယ် မော်ဒယ်တစ်ယောက်အဖြစ် ရပ်တည်နေတဲ့သူဖြစ်သလို Asia Next Top Model ပြိုင်ပွဲမှာ Top 4 အထိလည်း တက်လှမ်းနိုင်ခဲ့တဲ့အပြင် ကမ္ဘာကျော် Vogue မဂ္ဂဇင်းမှာလည်း ဖော်ပြခံရဖူးပါတယ်။ ဒါ့အပြင် New York Fashion Week နဲ့ London Fashion Week တွေမှာ ပထမဆုံးလျှောက်လှမ်းခွင့်ရတဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးမော်ဒယ်အဖြစ်လည်း မှတ်တမ်းတင်ခံထားရသူဖြစ်ပါတယ်။

Ref; Social Bites

Leave a Reply

Your email address will not be published. Required fields are marked *