MT News

Written by Min Mahar

ကန့်ဘလူမြို့နယ်ရှိ သာယာမွန်ရွာတွင် ဧပြီလ ၂၅ ရက် နေ့လည်ပိုင်းက လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားကာ လယ်ကွက်အတွင်း နွားကျောင်းနေသည့်အမျိုးသမီးအား မိုင်းစများထိမှန်သွားကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၅ ရက် နေ့လည် ၃ နာရီခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ သာယာမွန်ရွာ၏ အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ လယ်ကွက်ထဲတွင် PDF အဖွဲ့များထောင်ထားခဲ့သော လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်ပွားရာ ၎င်းရွာ၌နေထိုင်သည့် အနီး၌နွားကျောင်းနေသော အသက် ၂၂ နှစ်အရွယ်အမျိုးသမီးကို မိုင်းစများထိမှန်သွားကြောင်း သိရသည်။

ယင်းအမျိုးသမီးသည် ယာဘက်နံစောင်းကို မိုင်းစထိမှန်သည့် ဒဏ်ရာနှင့် ရင်ညွန့်ဖူးယောင်ညိုမဲဒဏ်ရာ(စိုးရိမ်ရ)တို့ရရှိခဲ့သ ဖြင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် ရွှေဘိုခရိုင် ပြည်သူ့ဆေး ရုံကြီးသို့ ပို့ဆောင်ပေးခဲ့သော်လည်း ဆေးကုသမှုခံယူနေစဉ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးတွင် လွှဲပြောင်းကုသရန် လိုအပ်သဖြင့် ဧပြီ လ ၂၆ ရက် မွန်းလွဲ ၁ နာရီခန့်က မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ရွှေဘိုခရိုင်ပြည်သူ့ဆေးရုံကြီးမှ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ပေးခဲ့ကြောင်း မွန်မြတ်စေတနာ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးပြောပြချက်အရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *