MT News

Written by Naing Thuta

မြန်မာ-ကိုးရီးယားနှစ်နိုင်ငံပူးပေါင်း၍ ” Korea- Myanmar Technology Advice and Solutions For Korea (TASK)” စီမံကိန်းဆွေးနွေးပွဲအား မန္တလေးမြို့တွင် ဧပြီလ ၂၆ ရက် မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း တိုင်းဒေသကြီး စီးပွားရေးဝန်ကြီး ဦးသိန်းဌေးထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ Mingalar Mandalay Hotel၊ သဇင်ခန်းမ၊ အခန်း(၁) အစည်းအဝေးခန်းမတွင် ဧပြီလ ၂၆ ရက်နေ့ မနက် ၉ နာရီမှ ၁၀ နာရီအထိ မြန်မာ-ကိုးရီးယားနှစ်နိုင်ငံပူးပေါင်း၍ ” Korea- Myanmar Technology Advice and Solutions For Korea (TASK)” စီမံကိန်းဆွေးနွေးပွဲအားကျင်းပပြုလုပ်ခဲ့ရာ အခမ်းနားသို့တိုင်းဒေသကြီးစီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် ကိုရီးယားသမ္မတနိုင်ငံ၊ ကုန်သွယ်ရေး၊ စက်မှုနှင့် စွမ်းအင်ဝန်ကြီးဌာန၏ ကိုယ်စား Korea Food Research Institute(KFRI)မှ ကျွမ်းကျင်ပညာရှင် Mr. Hong Seok In နှင့် အဖွဲ့များ၊ စုစုပေါင်း ၃၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

” အခုလိုမြန်မာနိုင်ငံသို့ လာရောက်ရခြင်းဟာ မြန်မာနိုင်ငံကပြည်သူများ အစားအသောက်ဆိုင်ရာ ဘေးကင်းလုံခြုံမှုရှိစေရန်နှင့် စီးပွားရေးလုပ်ငန်းများ အကျိုးတူပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ စားသုံးသူများ ဘေးကင်းစွာစားသုံးနိုင်ဖို့အတွက် ထုတ်ကုန်အရည်အသွေးများကို တိုးတက်အောင်လို့ ကိုရီးယားနည်းပညာများ လာရောက်ဖလှယ်ခြင်းလည်းဖြစ်ပါတယ်။ အရည်အသွေးမြှင့်တင်ဖို့ကိုလည်း မြန်မာနိုင်ငံမှာရှိတဲ့ နည်းပညာကျွမ်းကျင်တဲ့သူတွေနဲ့ ကိုရီးယားမှာရှိတဲ့နည်းပညာရှင်တွေ MOU လက်မှတ်ထိုးဖို့ အဆင့်ထိဆောင်ရွက်နေကြပါပြီ။ အခုပါဝင်တက်ရောက်တဲ့ကုမ္ပဏီစီးပွားရေးလုပ်ငန်းရှင်တွေကိုလည်း ကိုရီးယားနိုင်ငံကို အစားအသောက်ထုတ်လုပ်ရေးနည်းပညာများ သွားရောက်လေ့လာလည်ပတ်ဖို့ပြောကြားချင်ပါတယ်”ဟု Mr. Hong Seok In က ဆွေးနွေးပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *