MT News

Written by Min Mahar

တစ်ဦးတည်းဆိုင်ကယ်မောင်းလာသည့် အမျိုးသားအား PDF အဖွဲ့ဝင် ၂ ဦးက သေနတ်ဖြင့် အနောက်က ချောင်းမြောင်းပစ် ခတ်သ-တ်ဖြတ်သွားမှု နန်းမားမြို့တွင် ဧပြီလ ၂၆ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီလ ၂၆ ရက် မွန်းလွဲ ၁၂ နာရီကျော်က ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ နန်းမားမြို့၊ သီရိမွန်ရပ်ကွက်တွင် နေထိုင်ပြီး ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်းလုပ်ကိုင်သည့် လူလတ်ပိုင်းအမျိုးသားသည် ဘူတာရုံလမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ တစ်ဦးတည်းဆိုင်ကယ်ဖြင့်မောင်းနှင်လာစဉ်အတွင်း ဘူတာရုံမရောက်မီ ကိုက် ၁၀၀ ခန့် အကွာ၌ ဆိုင်ကယ်တစ်စီးဖြင့် PDF အဖွဲ့ဝင် ၂ ဦးက အနောက်ကနေသေနတ်ဖြင့် ဦးခေါင်းကို ချောင်းမြောင်းပစ်ခတ်သ-တ်ဖြတ်ပြီး ထွက်ပြေးသွားကြောင်း သိရသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် လူလတ်ပိုင်းအမျိုးသားသည် ဦးခေါင်းယာဘက်နားထင်မှ ဝဲဘက်နောက်စေ့သို့ ပေါက်ထွက်သွားသည့်ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာတွင်ပင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်နှင့်ပက်သက်ပြီ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပစ်ခတ်သွားသောတရားခံများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *