၂၇. ၄. ၂၀၂၃

Written by Hey Mar

ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် အမှတ်(၁)ကမာကြည်တံတားပေါ်မှ ယမန်နေ့ ဧပြီလ ၂၆ ရက်နေ့ ည ၉ နာရီ ဝန်းကျင်အချိန်ခန့်တွင် အသက်(၂၀)ဝန်းကျင်ခန့် အမျိုးသမီးတစ်ဦး ပြုတ်ကျသည်ကို အသက်ရှင်လျှက်ပြန်လည်ကယ်ဆယ်နိုင်ခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။

အဆိုပါ အသင်းတာဝန်ရှိသူက “လေးညှင်းခံဖို့ လမ်းထွက်လျှောက်လာရင်း မူးပြီးပြုတ်ကျတာလို့ အဲဒီအမျိုးသမီးက ပြောပါတယ်။ သာကေတထဲက တံတားအနီးက ရပ်ကွက်မှာပဲ နေထိုင်တာပါ။ ကြီးကြီးမားမားထိခိုက်ဒဏ်ရာရတာမရှိပေမယ့် ရေမွန်းတဲ့ လက္ခဏာတော့ ရှိတာပေါ့”ဟု ဆိုသည်။

အခင်းဖြစ်နေရာသို့ ပရဟိတ အသင်းအဖွဲ့ရောက်ရှိချိန်တွင် အနီးရှိပြည်သူများမှ ဝိုင်းဝန်းဆယ်ယူထားသဖြင့် အဆိုပါအမျိုးသမီးအား မိတ်ဖက်အသင်းများနှင့်ပူးပေါင်းကာ မြေပြင်ကုသမှုပေးပြီး မိသားစုနှင့်ချိတ်ဆက်ပေးကာ လူမှုစေတနာလူမှုကူညီရေးအသင်းကားဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *