၂၆. ၄. ၂၀၂၃
Written by Nay Moe

ပြည်သူအများစုအားပေးထောက်ခံတယ်ဆိုပြီး ဆန္ဒဖော်ထုတ်ခဲ့တာကြောင့် ထောင်ဒဏ်ကျခံခဲ့ရသလို ထောင်အတွင်းတစ်နှစ်ခန့် နေခဲ့ရပေမဲ့လည်း ပြီးခဲ့တဲ့ မဟာသင်္ကြန်ကာလမှာ ကြည်း၊ ရေ၊ လေ မဏ္ဍပ်မှာ ရှိနေမိတာ​ကြောင့် NLD, NUG, PDF နဲ့ သူတို့ထောက်ခံနေသူတွေက Boycott လုပ်ဖို့ နှိုးဆော်ခံနေရတဲ့ ပိုင်တံခွန်က အချင်းချင်းလာကိုက်မနေဖို့ ဧပြီလ ၂၆ ရက် ညမှာ သတိပေးလိုက်ပါတယ်။

“ထောင်ကထွက်ကတည်းက ကျနော့်ရဲ့အလုပ်ကြွေးတွေ ပြီးဆုံးအောင် လုပ်နေရတယ်။ လူတိုင်းမှာ ရွေးချယ်လို့မရတဲ့ အခြေနေတွေရှိတယ်။ ခင်များတို့ကို ဘယ်တုန်းကမှ စိတ်မကွက်ဖူးဘူး။ ခင်များတို့ နားမလည်လို့ ပြောတာပါဆိုတာနဲ့ ကျနော် အမြဲဖြေသိမ့်တယ်။ ကျနော့်ကို စိတ်ကြိုက်ဆဲခွင့်ပေးထားပြီးသား။ Boycott မကလို့ ကြိုက်တာလုပ်။ အရင်ကတည်းက ခင်များတို့ စိတ်ပြည့်ဝကျေနပ်အောင် ပေးလုပ်ထားပြီးသား။ အဲ့ဒီအတွက် အချင်းချင်းစိတ်ဝမ်းကွဲတာက လွှဲရင် ခင်များတို့ ဘာကြီးကြီးမားမားပြန်ရခဲ့လဲ။ ကျနော့်အတွက်ပဲ ပြောတာနော်။ အခုလို သူများနိုင်ငံက မင်းသား မင်းသမီးတွေရဲ့ post တွေ အောက်မှာ shame on you … စသဖြင့် လိုက်ရေးတော့ ကျနော်ဘာဖြစ်သွားလို့လဲ … ဘာမှမဖြစ်ဘူး။ သူတို့အားလုံး ကျနော့်ရဲ့ အခက်အခဲ အခြေအနေတွေကို နားလည်တဲ့အပြင် စိတ်ဓာတ်မကျအောင်တောင် ဝိုင်းအားပေးကြသေးတယ်။ အဲ့ဒီလို လိုက်ရေးတော့ ခင်များတို့ ဒီနိုင်ငံကြီး ပိုကောင်းမွန်သွားလား။ ခင်များတို့ကိုယ်တိုင်နဲ့ ဒီမြန်မာနိုင်ငံက သူတွေပဲ အထင်သေးခံရတယ်။ အချင်းချင်း ပြန်ကိုက်နေတော့။ ဒါကမှ သူများနိုင်ငံက ကြည့်ရင် မြန်မာတွေရဲ့ စိတ်ဓာတ်တွေက တကယ့်ရှက်စရာ။ ကျနော်တို့နိုင်ငံမှာ ပညာတတ်တွေများသလောက် တချို့ အသိပညာ အတတ်ပညာ ကြွယ်ဝပါတယ်ဆိုတဲ့ သူတွေလဲ ဆဲတာနဲ့ ဝေဖန်တာကလွှဲရင် တခြားဘာမှ ဆက်စပ်တွေးခေါ်နိုင်စွမ်းမရှိဘူး။ အဆုံးသတ် ရလဒ်ကတော့ ခင်များတို့မျှော်လင့်သလို မဖြစ်ပဲ မြန်မာတွေအားလုံး အထင်သေးခံရတာပါပဲ (သတ်ပုံ- မူရင်းအတိုင်း) “လို့ ပိုင်တံခွန်က သူ့ Facebook မှာ ရေးသားထားပါတယ်။

မြန်မာနဲ့ထိုင်းတင်မက အာဆီယံမိန်းမပျိုတွေ သည်းသည်းလှုပ် ပိုင်တံခွန်ဟာ လက်ရှိအချိန်မှာ သူ့ကိုဝိုင်းဆဲ၊ Boycott လုပ်ခိုင်းနေတဲ့သူတွေရဲ့ ထိုးနှက်မှူပြင်းထန်နေတဲ့ကြားက ကမ္ဘောဒီးယားနိုင်မှာ ဒေါ်လာတစ်သန်းတန် ဇာတ်ကားအတွက် သွားရောက်ဆွေးနွေးနိုင်တဲ့အထိ အာဆီယံကို ခြေဆန့်လာနေပါတယ်။

သူ့အပေါ်ဝေဖန်သူတွေ အချင်းချင်းပြန်မကိုက်ဖို့ သတိပေးတဲ့ ပိုင်တံခွန်ရဲ့ ပို့စ်ဟာ တစ်နာရီလောက်အချိန်အတွင်းမှာ Like & React ၃၀၀၀၀ ကျော်ခဲ့သလို Comments ကလည်း ၅၀၀၀ နီးပါးရှိခဲ့ပြီး မျှဝေသူ ၁၂၀၀ လောက်ရှိခဲ့ပေမဲ့ တစ်နာရီအတွင်း ပို့စ်ပြန်ဖျက်သွားခဲ့တာကိုလည်း MT News ရဲ့ #mtnews_fb_တခွင် က တွေ့ရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *