၂၆. ၄. ၂၀၂၃
Written by Pan Ei

အော်စကာဆုရှင် ထိပ်တန်း A အဆင့် စာရင်းဝင် မင်းသားကြီး Nicolas Cage ဟာ အမေရိကန်ဒေါ်လာ ၆ သန်းကျော် အကြွေးတွေကြောင့် အပေါစားဇာတ်ကောင်တွေကို ရိုက်ကူးဖို့လက်ခံခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်တော်အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံတာ အရမ်းများခဲ့တယ်” လို့ Nicolas Cage က မကြာသေးမီက အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပြီး အိမ်ခြံမြေဈေးကွက် ပျက်သွားတဲ့အခါမှာ အချိန်မီ ရုန်းမထွက်နိုင်ခဲ့ဘဲ နောက်ပိုင်းမှာ အားလုံးကိုပြန်ပေးခဲ့ပေမဲ့ အကြွေးက ဒေါ်လာ ၆ သန်းလောက် ကျန်နေခဲ့တယ်လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

Nicolas Cage ဟာ အခွန်သက်သာခွင့်အတွက် Las Vegas ကိုလည်းပြောင်းရွှေ့ခဲ့ပြီး သူ့ရဲ့အကြွေးတွေ ဆပ်နိုင်ဖို့အတွက် ဇာတ်လမ်းကို ရွေးချယ်တာမျိုးမလုပ်ခဲ့ဘဲ တစ်နှစ်ကို ရုပ်ရှင်ဇာတ်ကားပေါင်းများစွာမှာ ပါဝင်ရိုက်ကူးခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် Nicolas Cage က “အလုပ်က ကျွန်တော့အတွက်တော့ အမြဲ အစောင့်အရှောက်ပါပဲ။ ရုပ်ရှင်က အပေါစားဖြစ်နေရင်တောင် ကျွန်တော်ကတော့ ပေါ့ပေါ့တန်တန်မလုပ်ခဲ့ပါဘူး။ အမြဲတမ်း အလေးထားခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

Nicolas Cage ပါဝင်ရိုက်ကူးထားတဲ့ ၂၀၁၀ ကထွက်ရှိတဲ့ “The Sorcerer’s Apprentice”၊ ၂၀၁၄ ခုနှစ်ထွက်“Outcast” နဲ့ “Left Behind” စတဲ့ ဇာတ်ကားတွေကို ဝေဖန်ရေးသမားတွေက မှတ်ချက်အဆိုးတွေ ပေးခဲ့ကြပြီး အဆိုပါ ဇာတ်ကားတွေက Rotten Tomatoes ရဲ့ အဆင့်သတ်မှတ်ချက်မှာလည်း ၄၀ ရာခိုင်နှုန်း၊ ၄ ရာခိုင်နှုန်းနဲ့ သုည ရာခိုင်နှုန်းတို့ အသီးသီးရရှိခဲ့ပါတယ်။

Ref; Huffpost

Leave a Reply

Your email address will not be published. Required fields are marked *