၂၆. ၄. ၂၀၂၃
Translated by Htwe Ko Tun

ဆူဒန်နိုင်ငံအတွင်း အာဏာရဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော Armed Forces of Sudan နှင့် လက်နက်ကိုင်အုပ်စုတစ်ခုဖြစ်သည့် Rapid Support Forces အပျော်တန်းတပ်ဖွဲ့တို့အကြား ဧပြီလဆန်းပိုင်းမှစတင်၍ ဖြစ်ပွားခဲ့သော ရန်လိုတိုက်ခိုက်မှုများအတွင်း သေဆုံးသူအနည်းဆုံး ၄၀၀ ကျော်ရှိ၍ ဒဏ်ရာရသူ ၃,၇၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရီးစ်က အဆိုပါကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီဆွေးနွေးပွဲပြုလုပ်စဥ် ဧပြီ ၂၅ ရက်က ပြောကြားခဲ့သည်။

သေဆုံးရသူ ၄၀၀ ကျော်တွင် ကုလသမဂ္ဂအေဂျင်စီများမှ လေးဦးပါဝင်ကြောင်းလည်း ၎င်းကပြောခဲ့သည်။ ထို့ပြင် လူသောင်းနှင့်ချီ၍ အိုးအိမ်များကို စွန့်လွှတ်ထွက်ပြေးခဲ့ကြသည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။

ဆူဒန်နိုင်ငံ၏ အာဏာရ Sovereignty Council ခေါင်းဆောင်၊ ဆူဒန်ကြည်းတပ် အကြီးအကဲလည်းဖြစ်သည့် အဗ္ဗဒယ်လ်ဖာတာ အယ်လ်ဘာဟန်နှင့် Rapid Support Forces အပျော်တန်းတပ်ဖွဲ့ခေါင်းဆောင်ဖြစ်သည့် မိုဟာမက် ဟမ်ဒန် ဒါဂါလို(Hemedti ဟုလည်းသိကြ) တို့အကြား သဘောတူညီချက်များ မရယူနိုင်ခဲ့ခြင်းမှသည် ထိုသို့တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ရခြင်းဟုလည်း သိရသည်။ မိုဟာမက် ဟမ်ဒန် ဒါဂါလိုက လက်ရှိတွင် အာဏာရကောင်စီ၌ အယ်လ်ဘာဟန်၏ လက်ထောက်လည်းဖြစ်သည်။

လက်နက်ကိုင်အုပ်စုနှစ်ခုအကြား သဘောထားကွဲလွဲမှုများက အချိန်ကာလအပိုင်းအခြားအတွင်း မတူညီမှု၊ သဘောထားမတိုက်ဆိုင်မှုများဖြစ်ခဲ့ရခြင်းနှင့် ဆူဒန်၏ ညီညွတ်သောလက်နက်ကိုင်တပ်ဖွဲ့များ ဖွဲ့စည်းပုံနည်းလမ်းများကြောင့်ဖြစ်ကြောင်းနှင့် အယ်လ်ဘာဟန်အစား ရွေးကောက်ခံအရပ်သားသမ္မတတစ်ဦးက နိုင်ငံကိုခေါင်းဆောင်သင့်ကြောင်း ဒါဂါလိုက ပြောခဲ့သည်။

အပစ်အခတ်ရပ်စဲမှုယူထားသော်လည်း ဧပြီလ ၁၅ ရက်တွင် အဖွဲ့နှစ်ဖွဲ့တို့အကြား တိုက်ခိုက်မှုများက ဧပြီလ ၂၅ ရက်အထိ မီရိုဝီမြို့တွင်းရှိ တပ်စခန်းအနီးနှင့် မြို့တော် ခါတွန်အတွင်းဖြစ်ပွားခဲ့သည်။ ဆူဒန် ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်များအရမူ တိုက်ခိုက်မှုများစတင်ဖြစ်ပွားသည်မှ လူ ၆၀၀ ဦးကျော်‌ သေဆုံးခဲ့ပြီဟု သိရသည်။

Ref—-Tass

Leave a Reply

Your email address will not be published. Required fields are marked *