၂၆. ၄. ၂၀၂၃
Written by Nyein Kyaw

အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ တက်တူးထိုးဆိုင်အတွင်း အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့ (အင်းစိန်)မှ သိရသည်။

ဖြစ်စဥ်မှာ ဧပြီ ၂၆ ရက် နံနက် ၈ နာရီခွဲခန့်တွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ တက်တူးထိုးဆိုင်၌ အသက် ၂၅ နှစ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးခဲ့သဖြင့် ရပ်ကွက်နေပြည်သူများက အကြောင်းကြားလာ၍ သက်ဆိုင်ရာနှင့် ပရဟိတအဖွဲ့များက သွားရောက်ကူညီပေးခဲ့သည်။

“ကျွန်တော်တို့ကို သတင်းပေးတော့ မနက် ၈ နာရီခွဲလောက်က သတင်းရလို့သွားခဲ့ပြီး ဟိုရောက်တော့ တာဝန်ရှိသူတွေက စစ်ဆေးပြီး မှတ်တမ်းယူပြီး သယ်လို့ရပြီဆိုတော့ ရုပ်အလောင်းကို သယ်ပေးခဲ့တာ။ သေဆုံးသူက တော်တော်လေးငယ်သေးတယ်။ တစ်ယောက်ထဲနေတာတော့ မဟုတ်ဘူး။ အပေါ်ထပ်မှာ မိသားစုတွေရှိတယ်။ အောက်ထပ်မှာဖြစ်တာ သူတို့က တက်တူးထိုးဆိုင်ပေါ့” ဟု တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်)မှ တာဝန်ရှိသူက ပြောသည်။

သေဆုံးသူ အမျိုးသားရုပ်အလောင်းအား PR-017 နံပါတ်ဖြင့် အင်းစိန်မြို့နယ် ရင်ခွဲရုံသို့ စနစ်တကျထုတ်ပိုး၍ ပို့ဆောင်ပေးခဲ့ပြီး ဆွဲကြိုးချသေဆုံးရသည့် ဖြစ်စဥ်နှင့်ပတ်သက်၍ လက်ရှိအချိန်အထိ မသိရှိရ‌သေးကြောင်း တွဲလက်လူမှုကူညီရေးအဖွဲ့(အင်းစိန်)မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *