MT News

ဧပြီ ၂၁ ရက် နံနက်ပိုင်းတွင် ဒေါ်လာ ၂,၀၀၀ ကျော်အထိ ရှိခဲ့သည့် ကမ္ဘာ့ရွှေဈေး ညနေပိုင်းတွင် ဒေါ်လာ ၁,၉၉၀ အောက်အထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်းရွှေဈေးနှုန်း ကျပ်သိန်း ၃၀ နီးပါးအထိ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ရွှေဈေးသည် ဧပြီ ၅ ရက်တွင် တစ်အောင်စလျှင် ၂,၀၂၅ ဒေါ်လာအထိ ပြန်လည်မြင့်တက်၍ တစ်ရက်အတွင်း ဒေါ်လာ ၄၀ ကျော် မြင့်တက်ခဲ့ပြီး ပြင်ပရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ် ၂,၉၇၂,၀၀၀ အထိ မြင့်တက်ခဲ့မှုရှိခဲ့သည်။

မဟာသင်္ကြန်ကာလအပြီး ကမ္ဘာ့ရွှေဈေး တရိပ်ရိပ်ကျဆင်းလာခဲ့ပြီး ဧပြီ ၂၁ ရက် (ယနေ့ နံနက်ပိုင်း)တွင် ကမ္ဘာ့ရွှေဈေး ‌တစ်အောင်စလျှင် ၂,၀၀၂ ‌ဒေါ်လာ ရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ဒေါ်လာ ၁,၉၈၆ ဒေါ်လာအထိ ပြန်လည်ကျဆင်းခဲ့သော်လည်း ပြည်တွင်း ရွှေဈေးနှုန်းမှာ ကျပ် ၂,၉၉၀,၀၀၀ အထိ မြင့်တက်မှုရှိနေကြောင်း ပြည်တွင်းရွှေဈေးကွက်၌ ဖော်ပြထားမှုအရ သိရသည်။

ယနေ့တွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA)မှ သတ်မှတ်ရွှေဈေးနှုန်းသည် ၂,၃၄၀,၉၀၀ ကျပ်ဖြစ်သည်။

ပြည်တွင်း ရွှေဈေးနှုန်းသည် ဧပြီ ၆ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၆၅,၀၀၀ ကျပ်၊ ဧပြီ ၇ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၅၉,၀၀၀ ကျပ်၊ ဧပြီ ၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၇၀,၀၀၀ ကျပ်နှင့် သင်္ကြန်ကာလအပြီး ဧပြီ ၁၈ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၇၈,၀၀၀ ကျပ်၊ ဧပြီ ၁၉ ရက်တွင် အခေါက်ရွှေတစ်ကျပ်သား ၂,၉၈၂,၀၀၀ ကျပ်ဖြစ်ပေါ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *