(Photo - MOI)

MT News

Written by Tha Doe

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ ကံသာကျေးရွာအုပ်စု၊ တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့တွင် ဧပြီလ ၂၁ ရက် ညနေ ၆ နာရီကျော် အချိန်ခန့်က လေဆင်နှာမောင်းများတိုက်ခတ်ခဲ့ပြီး ကနဦးသတင်းများအရ လူနေအိမ်ခြေရာနှင့်ချီပျ​က်စီးကာ လူငါးဦးထက်မနည်းသေဆုံးကြောင်း ကနဦးသတင်းများအရ သိရသည်။

“ညနေ ၆ နာရီလောက်ကနေ ၆ ခွဲလောက်အထိ လေဆင်နှာမောင်းတိုက်သွားတာ။ ကနဦးသိရသလောက်ကတော့ တံတားဦးမှာ အိမ် ၁၀၀ လောက်ပျက်စီးသွားတယ်။ အောင်မြင်ကုန်းကျေးရွာကတော့ အိမ် ၁၅၀ လောက်ပျက်စီးသွားတယ်။ ရွာ ပျက်သလောက်နီးနီးဖြစ်သွားတာ။ ထိခိုက်သူတွေလည်း များတယ်။ အသေအပျောက်လည်း ရှိတယ်။ လယ်ဝေး ကုတင် ၁၀၀ ဆေးရုံမဆံ့တော့လို့ ကုတင် ၁၀၀၀ ကို ပို့နေရတယ် ” ဟု နေပြည်တော်အ​ခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ဘုရားကျောင်းကန်၊ စေတီပုထိုးများလည်း ပျက်စီးခဲ့ပြီး အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးသုံးဦးသေဆုံးခဲ့သည့်အပြင် မီးလောင်မှုများလည်း ဖြစ်ပွားခဲ့ကြောင်း ကနဦးသတင်းများအရ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *