MT News

Written By Thandar

အသံချိုချိုလေးကြောင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် မေလသံစဉ်ကို ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ဒဂုံမြို့သစ် အရှေ့ပိုင်းမြို့နယ်ရဲစခန်းမှာ ချုပ်မိန့်ရမန်ယူထားတယ်လို့ MT News က ကြားသိရပါတယ်။

“အရင်ကတော့ ထိုင်းနိုင်ငံမှာ အရင်နေနေခဲ့တာပါ။ သင်္ကြန်ကာလမတိုင်ခင် တစ်ပတ်လောက်က မြန်မာပြည်ကို ဗီဇာနဲ့ ခဏ ပြန်ရောက်လာတာပါ။ ဧပြီ ၁၁ ရက်က နေအိမ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။ မနေ့က ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နဲ့ ချုပ်မိန့်ရမန်ယူထားတယ်”လို့ အဆိုတော် မေလသံစဥ်ရဲ့ နီးစပ်သူ ရှေ့နေတစ်ဦးက‌ ဆိုပါတယ်။

သူ့မဟာ ပြီးခဲ့တဲ့ ဧပြီ ၁၁ ရက်က နေအိမ်မှာ ဖမ်းဆီးခံရခြင်းဖြစ်ပြီး ဧပြီ ၂၀ ရက် ညနေပိုင်းက ရာဇသတ်ကြီးပုဒ်မ ၅၀၅-က နဲ့ ချုပ်မိန့်ခံခဲ့ရတာဖြစ်ပါတယ်။

“တခြားအနုပညာ လုပ်ဖော်ကိုင်ဘက်ပိုင်းက သူတွေလည်း အကုန်လုံး ပဇီကြီးရွာဖြစ်စဉ်လို့လည်း ထင်ပါတယ်။ ချုပ်ရမန်ယူတာ။ အမှုနဲ့ပတ်သက်ပြီး လွှဲပေးလိုက်တဲ့ ရဲစခန်းကနေ အမှုကိုပြန်လည်တည်ဆောက်ပြီး အကောင်းဆုံး ကြိုးစားဆောင်ရွက်နေတဲ့ သဘောပေါ့”လို့ ရှေ့နေက ဆက်ပြောပါတယ်။

အဆိုတော် မေလသံစဉ်ကို ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် မြို့မရဲစခန်းမှာ အမှုဖွင့်ထားတာဖြစ်ပါတယ်။ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီး Cover Profile အနက်ရောင်ပြောင်းလဲတာကြောင့်မို့ ဖမ်းဆီးအမှုဖွင့်ခံရတာလို့ ဝေဖန်ပြောဆိုမှု ထွက်ပေါ်နေတာလည်းဖြစ်ပါတယ်။

ဧပြီ ၅ ရက်နေ့ကလည်း Asahi Condo မိသားစုသင်္ကြန်အကြိုပွဲအနေနဲ့ တေးသံရှင် ဇော်ပိုင်၊ ကိုစိုးထက်၊ ကိုတင်မျိုးဦး၊ အိုင်းရင်းဇင်မာမြင့်၊ မေလသံစဉ် တို့နဲ့အတူ Tain Lhwar Audio and Lighting တေးသီချင်းတွေ သီဆိုဖျော်ဖြေခဲ့ကြပါ‌သေးတယ်။

မေလသံစဉ်ဟာ အရင်က သီချင်းဆိုပွဲရပ်နားထားချိန်မှာ ထိုင်းနိုင်ငံက ဘလက်တက်စီ လေဆိပ် အကြို/အပို့ 1500 Bht BKK မြို့တွင်း အချိန်ပိုင်း Ihr – 500 Bht(at least 3 hours) (Fuel/Toll /Parking Fees include) မောင်းနှင်နေတာလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *