MT News

၂၀၂၂ ခုနှစ် ဩဂုတ်လကုန်အထိ စာရင်းများအရ ပြည်နယ်နှင့် တိုင်းခရိုင်ရုံးများတွင် အမျိုးအစားအလိုက် တရားဝင်မှတ်ပုံတင်ထားသော ယာဥ်အစီးရေမှာ ၇၂၃၃၆၁၁ စီးအထိရှိနေပြီး မန္တလေးတွင် ၂၂၉၃၀၅၈ စီးဖြင့် အများဆုံးမှတ်ပုံတင်ထားကြောင်း သိရသည်။

မော်တော်ယာဥ်အမျိုးအစားများကို လူစီး၊ ခရီးသည်တင်၊ ကုန်တင်ဝန်ပေါ့၊ ကုန်တင်ဝန်လေး၊ နှစ်ဘီး၊ သုံးဘီး၊ ထရော်လာဂျီ၊ စက်ယန္တယားနှင့် အခြားဟု ခွဲထားပြီး လူစီးတွင် တရားဝင်မှတ်ပုံတင်ထားသောယာဥ် ၆၁၉၂၁၄ စီး၊ ခရီးသည်တင် ၂၈၆၁၀ စီး၊ ကုန်တင်ဝန်ပေါ့မှာ ၃၈၀၀၂၃ စီး၊ ကုန်တင်ဝန်လေးမှာ ၅၁၉၃၃ စီးနှင့် အခြားမှာ ၁၀၄၄၀၃ စီးအထိရှိနေသည်။ ထို့ပြင် နှစ်ဘီးမော်တော်ဆိုင်ကယ်မှာ ၅၈၉၃၈၃၅ စီးဖြင့် အများဆုံးမှတ်ပုံတင်ထားပြီး သုံးဘီးမှာ ၁၂၂၇၀၈ စီးရှိကာ ထရော်လာဂျီမှာ ၃၀၅၇၀ စီးနှင့် စက်ယန္တယားမှာမူ ၂၃၁၅ စီးသာ မှတ်ပုံတင်ထားကြောင်း သိရသည်။

အဆိုပါ မှတ်ပုံတင်မှုများတွင် မန္တလေးမှာ ၂၂၉၃၀၅၈ စီးဖြင့် အများဆုံးဖြစ်ပြီး ရန်ကုန်မှာ ၈၅၉၁၉၉ စီးရှိနေပြီး ရန်ကုန်တိုင်းတွင် လူစီးယာဥ်မှာ ၃၅၈၈၆၈ စီးဖြင့် ပြည်နယ်နှင့် တိုင်းများအားလုံးတွင် အများဆုံးမှတ်ပုံတင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *