၃. ၄. ၂၀၂၃

Written By Thandar

ပရိသတ်အားပေးမှုရထားတဲ့ မေပန်းချီက သူမခံယူထားတဲ့အချစ်အပေါ်မှာ သူမရဲ့ အဓိပ္ပါယ်က အိမ်ထောင်ကျခဲ့ဖူးတဲ့ သူတိုင်းလည်း သူဌေး မဟုတ်သလို တစ်ခုလပ်တိုင်းနဲ့ ချစ်သူဖြစ်တဲ့ မိန်းခလေးတိုင်းငွေမက်လို့မဟုတ်ပါလို့ ဖွင့်ဟလာပါတယ်။

“ဘာလုပ်လုပ် ပြုံးပြီးကြည့်နေတာမျိုး၊ စိတ်ချမ်းသာရတာလေးကအစ၊ ဒါလေး စားကောင်းလိုက်တာပြောရင် သူ့ပန်းကန်ထဲက ရှိတဲ့အရာကို ဆက်မစားဘဲချန်ထားတာမျိုး။ ကိုယ်ဒီလိုအနေအထား ရောက်လာအောင် အကောင်းဆုံးမေတ္တာတရားနဲ့ Support ပေးတာမျိုး။ နှစ်ယောက်လုံး အိမ်ပိုင်ရာပိုင်မရှိရာကနေ အတူတူ ကြိုးစားကြတာမျိုး။ ဘယ်အရာဘယ်သူတွေနဲ့ဖြစ်ဖြစ် သူသည်သာအနစ်နာခံတတ်တာမျိုး။ ကျွန်မ ပိုင်တာ သူပိုင်တယ်။ သူပိုင်တာ ကျွန်မ ပိုင်တယ်။ ဘာကြောင့်လဲ။ ကျွန်မတို့အတူတူ ရုန်းကန်ခဲ့ကြလို့ပါ။ဘဝက အရင်ဆုံဆည်းခွင့်မရပေမယ့် ကမ္ဘာပေါ်မှာ ကံအကောင်းဆုံးအမျိုး သမီး(၂) ယောက်ရှိတယ်။ အဲ့ဒါ သူ့ရဲ့ ပထမဖြစ်ရတဲ့ကောင်မလေးနဲ့ ဒုတိယ သူ့ကောင်မလေး ဖြစ်ရတဲ့ကျွန်မပါ”လို့ သရုပ်ဆောင်မေပန်းချီက ပရိသတ်တွေသိအောင် ဖွင့်ဟလာပါတယ်။

သူ့မရဲ့ ချစ်သူက ဘိုကလေးသား လခစားလေးပါလို့ တရားဝင် ပရိသတ်‌တွေကို ထုတ်ပြလာပါတယ်။‌ မေပန်းချီက အသက် ၃၃ နှစ်ဆိုတော့ အိမ်ထောင်ပြုရမယ့်အရွယ် ကျော်နေပြီလို့ ဆိုပါတယ်။

“ဘဝမှာအမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကိုတန်ဖိုးရှိရှိ လက်ထပ်ယူဖူးတာ ကျွန်မတို့အမျိုးသမီးတွေအတွက် အပြစ်တစ်ခုမဟုတ်ပါ။ ကိုယ့်ကြောင့် ပျက်ခဲ့ရတဲ့ အိမ်ထောင်ရေးမဖြစ်ရင် ရပါပြီ။ တန်ဖိုးရှိတဲ့ အမျိုးသားတွေမှာလည်း တောက်ပခွင့်ရှိပါတယ်။ အိမ်ထောင်ကျခဲ့ဖူးတဲ့ သူတိုင်းလည်း သူဌေး မဟုတ်သလို တစ်ခုလပ်တိုင်းနဲ့ ချစ်သူဖြစ်တဲ့ မိန်းခလေးတိုင်းငွေမက်လို့မဟုတ်ပါဘူး” ဆိုပြီး သူမက ဆက်လက်ပြောလာပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News