MT News

တင်ဆက်/တည်းဖြတ် ပန်းအိ၊ ဟေမာ

လူအများရဲ့ ငယ်ဘဝ အမှတ်တရတစ်စိတ်တစ်ဒေသကို ပြန်ပြောင်းပြောရမယ်ဆိုရင် ပါဝါရိန်းဂျားရုပ်ရှင်တွေက မပါမဖြစ် ပါဝင်နေမှာပါ။ ပါဝါရိန်းဂျား အနီကောင်၊ ပါဝါရိန်းဂျား အဝါကောင် စတဲ့ ပြောစကားတွေကို လူအများပါးစပ်ဖျားမှာ စွဲရစ်စေခဲ့တဲ့ ပါဝါရိန်းဂျားရုပ်ရှင်တွေကို ၁၉၉၃ ခုနှစ်က စတင်ဖြန့်ချိခဲ့တာဖြစ်ပြီး ပါဝါရိန်းဂျားရုပ်ရှင်တွေရဲ့ နှစ် ၃၀ ပြည့်အထိမ်းအမှတ်အဖြစ် “Mighty Morphin Power Rangers: Once & Always” ဆိုတဲ့ စီးရီးကို Netflix ကနေ ဧပြီ ၁၉ ရက်မှာ စတင် ထုတ်လွှင့်တော့မှာပဲဖြစ်ပါတယ်။

ဂန္ထ၀င်ရန်သူတော်ကြီးဖြစ်တဲ့ Rita Repulsa ဟာ စက်ရုပ်အဖြစ် ပြန်လည်ရှင်သန်ပီးတော့ ကမ္ဘာကြီးကိုပြန်လည်ဖျက်ဆီးဖို့ကြိုးပမ်းတာကို ရိန်းဂျား တို့က ဘယ်လိုတားဆီးကြမလဲဆိုတာတွေ ကြည့်ရှုနိုင်ဖို့နဲ့ ငယ်ဘဝရဲ့အမှတ်တရတွေကို ပြန်လည်ခံစားကြစေနိုင်ဖို့ Netflix ကနေ လာမဲ့ ဧပြီလ ၁၉ ရက်နေ့မှာ ထုတ်လွှင့်တော့မဲ့ “Mighty Morphin Power Rangers: Once & Always” ကို MT News ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *