MT News

Written By Thandar

သရုပ်ဆောင်ပိုင်းရော အဆိုတော်ပိုင်းမှာပါ ပရိသတ်အားပေးမှုများစွာ ရရှိခဲ့တဲ့ ဝိုင်းစုခိုင်သိန်းက တိုက်ကြီးမြို့ရှိ ဂုဏ်လင်းတောင်ဘေးမဲ့တောရကျောင်းကို Alphard ကားတစ်စီး လှူဒါန်းခဲ့ပါတယ်။

“ဝိုင်းစုရဲ့ အလှူတိုင်းဟာလည်း ဝိုင်းစုရဲ့ ပရိသတ်ကြီးနဲ့ တိုက်ရိုက်အချိုးကျပါတယ်။ ဒါကြောင့်ဝိုင်းစုရဲ့ အလှူလေးကို အားလုံးပဲ သာဓုခေါ်နိုင်အောင် မျှဝေပေးလိုက်ပါတယ် ရှင့်” လို့ အဆိုတော် ဝိုင်းစုခိုင်သိန်းက ပရိသတ်တွေကို အသိပေးပြောလာပါတယ်။

သူမက မြန်မာ့နှစ်သစ်ကူး နှစ်ဦးအလှူအနေနဲ့ နှစ်ဖက်မိဘတွေကို ဦးထိပ်ထားပြီး Alphard ကားတစ်စီးကို လှူဒါန်းခဲ့တာလည်း ဖြစ်ပါတယ်။

ဝိုင်းစုခိုင်သိန်းက တစ်ကိုယ်တော် သီချင်းခွေ ၇ ခွေထွက်ရှိထားသလို ကိုဗစ်ကာလအတွင်းမှာ Single Song တွေကို မကြာခဏ ဖန်တီးတင်ဆက်ပေးခဲ့သူလည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News