MT News

ဆက်ကြေးတောင်းရာ မပေးသဖြင့် ကြက်သွန်စိုက်ခင်းအတွင်း Drone ဖြင့် Bomb ပစ်ချတိုက်ခိုက်၍ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစ ထိမှန်ဒဏ်ရာရရှိမှု စစ်ကိုင်းတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ဧပြီလ ၂ ရက်က ထုတ်ပြန်သည်။

ဖြစ်စဥ်မှာ မတ် ၂၉ ရက် နေ့လယ် ၂ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ ကြက်သွန်စိုက်ခင်း၌ ကျေးရွာနေပြည်သူများမှ ကြက်သွန်နှုတ်နေစဉ် PDF များက အဆိုပါ ကြက်သွန်စိုက်ခင်းပိုင်ရှင်ထံမှ ဆက်ကြေးတောင်းခံရာ ဆက်ကြေးမရသဖြင့် Drone ဖြင့် ကြက်သွန်ခင်းအတွင်းသို့ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကြက်သွန်နှုတ်နေသည့် အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကျေးလက်ဆေးပေးခန်းသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ အေးချမ်းစွာ နေထိုင်သည့် အပြစ်မဲ့အရပ်သားပြည်သူများအား အကြောက်တရားများ လွှမ်းမိုးလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ဆောင်နေသည့် PDF များကို တရားဉပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *