April 26, 2024

၃၁. ၃. ၂၀၂၃

Written By Thandar

သူငယ်ချင်းတွေကြားက အပူအပင်ကင်းတဲ့ သံယောဇဥ်ကို ဖော်ညွှန်းထားတဲ့ “နွေဥဩ” သင်္ကြန်ဇာတ်လမ်းတွဲမှာ သူငယ်ချင်းတွေအပေါ် သံယောဇဉ်ကြီးတဲ့ မိန်းကလေး ကာရံဆိုတဲ့နေရာက သရုပ်ဆောင်ထားပါတယ်လို့ သရုပ်ဆောင်ယွန်းယွန်းက ဆိုပါတယ်။

“ယွန်းကတော့ မကြာခင်ထုတ်လွှင့်မယ့် နွေဥသြ ဇာတ်လမ်းတွဲမှာ ကာရံဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ထားပါတယ်။ ပထမဦးဆုံး ဇာတ်ညွှန်းဆရာမ မယ်ခိုင်ပြောပြတဲ့ ဇာတ်လေးကိုပြောပြချိန်မှာ စိတ်ဝင်စားမူရှိတယ်။ အခုလို သင်္ကြန်ဇာတ်လေးကို မရိုက်ရတာလည်း ကြာပြီမို့ သင်္ကြန်အနှစ်သာရလေးနဲ့ သူငယ်ချင်းတွေပျော်ရတာကို ရိုက်ချင်လို့ လက်ခံလိုက်တာပါ။ ဒီကားမှာ သူငယ်ချင်းတွေနဲ့ အတူတူနေပြီးတော့ သူငယ်ချင်းတွေကို သံယောဇဥ်ကြီးတဲ့ မိန်းကလေး ကာရံဆိုတဲ့နေရာက သရုပ်ဆောင်ထားပါတယ်” လို့ သရုပ်ဆောင် အကယ်ဒမီ ယွန်းယွန်းက ပြောပါတယ်။

ဒီ သင်္ကြန်ရုပ်သံဇာတ်လမ်းတွဲကို ဇာတ်လမ်း ၊ ဇာတ်ညွှန်း မယ်ခိုင်နဲ့ Skyward Art Team က ရေးသားပြီး ဒါရိုက်တာ ကြည်က သရုပ်ဆောင်တွေဖြစ်တဲ့ သျှင်းမြတ်၊ ရဲရင့်မြတ်သူ၊ အကယ်ဒမီ ယွန်းယွန်း၊ ဆုထက်၊ သင်ဇာ၊ လားဒင့်ထားရီ၊ အေးသီတာစတဲ့ သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားပါတယ်။

“ဒီနွေဥသြ ဇာတ်လမ်းတွဲကို ၂၀၁၉ ခုနှစ်က သင်္ကြန်ပုံစံလေးနဲ့ ရိုက်ထားပါတယ်။ နောက်ဆုံး အားလုံးပျော်ခဲ့ကြတဲ့ Story လေး တစ်ပုဒ်ပေါ့။ သင်္ကြန်မှာ သူတွေ့ဖူးတဲ့ မိန်းကလေးတစ်ယောက်ကိုပြန်ရှာတဲ့ ပုံစံမျိုးလေးပါ။ သီချင်းတွေထဲမှာလည်း ခဏခဏပါတယ် ရှာပုံတော်မင်းသားကြီးတို့ဆိုပြီးလေ။သင်္ကြန်မှာ အိမ်ထဲမှာနေကြသူတွေ ထွက်လာကြပြီးတော့ လူသစ်တွေနဲ့ ဆုံကြတယ်။ လမ်းလျှောက်သင်္ကြန်မှာပွဲဖြစ်ဖြစ်

မဏ္ဍပ်ထိုင်ရင်ဖြစ်ဖြစ် တွေ့ကြတယ်။ ကိုယ်သဘောကျသူတွေကို တွေ့ကြမှာပဲလေ။ ဒါပေမယ့် ပြန်မတွေ့ရဘူးဆိုတဲ့ ပုံစံလေးလည်း ပရိသတ်တွေထဲမှာလည်း ရှိမှာပါ။ ဒီဇာတ်လမ်းလေးကြည့်ရင် ကိုယ့်တချိန်က သင်္ကြန်မှာ အမှတ်တရတွေကို ပြန်အမှတ်ရလိမ့်မယ်လို့ ထင်ပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

“နွေဥဩ”သင်္ကြန်ရုပ်သံဇာတ်လမ်းတွဲကို လာမဲ့ ဧပြီ ၃ရက် ည ၉ နာရီမှာ အပတ်စဥ် တနင်္လာနေ့ကနေ သောကြာနေ့အထိ Channel K ရုပ်သံလိုင်းက ပြသပေးသွားမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *