April 26, 2024

၃၁. ၃. ၂၀၂၃

Written by Pan Ei

မတ်လ ၃၀ ရက်က အိန္ဒိယနိုင်ငံအလယ်ပိုင်းရှိ ဟိန္ဒူဘုရားကျောင်းတစ်ခုတွင် ကြမ်းပြင်ပြိုကျကာ ဝတ်ပြုသူများ မြေအောက်တွင်းထဲ ပြုတ်ကျမှုကြောင့် (ကြာသပတေးနေ့) တွင် လူ ၃၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ယနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါဖြစ်စဉ်သည် အိန္ဒိယနိုင်ငံ မက်ဒီယာ ပရာဒက်ရှ် ပြည်နယ် အင်ဒိုးမြို့ရှိ ဟိန္ဒူဘုရားကျောင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဟိန္ဒူဘာသာ ရမ်နာဗာမီပွဲတော်ကို ကျင်းပရန် ဝတ်ပြုကိုးကွယ်သူများ စုဝေးမှုဖြစ်ပွားခဲ့ကာ မြေအောက်တွင်း​၏အဖုံးသည် လေးလံသောဝန်ကြောင့် ပြိုကျခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Shivraj Singh Chouhan က ပြောကြားခဲ့သည်။

“လူ ၁၈ ဦးကို ကျွန်တော်တို့ ကယ်ဆယ်နိုင်ခဲ့ပြီး ၃၅ ဦး သေဆုံးကာ ၁၆ ဦး ဒဏ်ရာရခဲ့ပါတယ်” ဟု ဒေသခံအစိုးရ ထိပ်တန်းအရာရှိတစ်ဦးဖြစ်သူ Ilayaraja T က ပြောကြားခဲ့သည်။

မြေအောက်တွင်းများသည် ရေတွင်းကြီးများ သို့မဟုတ် ရေလှောင်ကန်များဖြစ်ပြီး ရေမျက်နှာပြင်သို့ ဆင်းသည့် လှေကားထစ်များရှိသည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် တွင်းထဲမှ ရေများကို စုပ်ထုတ်ထားကြောင်း သိရသည်။

ရေတွင်းထဲပြုတ်ကျသွားသူများကို ကယ်တင်ရန် လှေများ၊ လှေကားများကိုအသုံးပြုခဲ့ကြပြီး အပျက်အစီးများကို ဖယ်ရှားရန် စစ်တပ်နှင့် ကယ်ဆယ်ရေးဝန်ထမ်း ၇၅ ဦးထက်မနည်း လုပ်ဆောင်ခဲ့ကြကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့ကြသည်။

Ref; CNN

Leave a Reply

Your email address will not be published. Required fields are marked *