၃၁. ၃. ၂၀၂၃
translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၏ သမ္မတဟောင်းဖြစ်သူ ဒေါ်နယ်ထရန့် အား နယူးယော့ခ်မြို့၊ မန်ဟတ်တန်ခရိုင် တရားရုံးတွင် စီးပွားရေးလိမ်လည်မှုများနှင့်ဆက်စပ်နေသော စွဲချက် ၃၀ ကျော်ဖြင့် တရားစွဲဆိုခံထားရကြောင်း အမှုနှင့်ရင်းနှီးသော သတင်းရင်းမြစ်များက မတ်လ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

၎င်းက အမေရိကန်ပြည်ထောင်စုသမိုင်းတွင် လက်ရှိတာဝန်ထမ်းဆောင်ဆဲ(သို့မဟုတ်)သမ္မတဟောင်းတစ်ဦးအနေဖြင့် ရာဇဝတ်မှုစွဲချက်များရင်ဆိုင်ရသည်မှာ ပထမဆုံးအကြိမ်လည်းဖြစ်ပြီး သမ္မတဟောင်းထရန့်အား ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခြင်းမပြုနိုင်စေရန် ဆောင်ရွက်ခြင်းဟုလည်း တရားခံရှေ့နေများက ပြောခဲ့ကြသည်။

ဒေါ်နယ်ထရန့် အနေဖြင့် ၎င်းအား တရားရုံးတွင် စွဲချက်တင်မှုကိုရင်ဆိုင်ရန် ဧပြီလ ၄ ရက်တွင် တရားရုံးသို့ လာရောက်လိမ့်မည်ဟု မျှော်လင့်ရသည်။ ၎င်းက အန်တုဆန့်ကျင်သည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာ၌ အဆိုပါတရားစွဲမှုက အမေရိကန်သမိုင်း၌ အမြင့်ဆုံးအဆင့်တွင်ပါ နိုင်ငံရေးဆိုင်ရာဖိနှိပ်မှုနှင့် ရွေးကောက်ပွဲအား ဝင်ရောက်စွက်ဖက်မှုသက်သက်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

မန်ဟတ်တန်တရားရုံးက ၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲမဲဆွယ်မှုကာလအတွင်း ရုပ်ရှင်သရုပ်ဆောင် Stormy Daniels ပါဝင်ပတ်သက်နေမှုအား ဖုံးကွယ်ရန်နှင့် နှုတ်ပိတ်ခပေးမှုအစီအစဉ်အတွင်း ထရန့် နှင့်ဆက်စပ်နေသည့်ကဏ္ဍကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ ထိုကိစ္စတွင် Stormy Daniels အား ဆယ်စုနှစ်တစ်ခုအလွန်က ထရန့်စွပ်စွဲခံရမှုတစ်ခုနှင့်ပတ်သက်၍ နှုတ်ပိတ်နေရန် ၂၀၁၆ ရွေးကောက်ပွဲမတိုင်မီ ဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့မှုနှင့် ဆက်စပ်စုံစမ်းနေခြင်းဟုသိရသည်။

သမ္မတဟောင်း ထရန့်ကမူ ၎င်းနှင့် Stormy Daniels အကြားအရှုပ်အရှင်းတစ်စုံတစ်ရာ မရှိကြောင်းငြင်းဆိုထားသည်။

Ref—–CNN

Leave a Reply

Your email address will not be published. Required fields are marked *