April 19, 2024

၃၁. ၃. ၂၀၂၃
Written by Nay Aung

အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့နှင့် မြန်မာနိုင်ငံကြား တိုက်ရိုက်လေကြောင်းဝန်ဆောင်မှုများကို လာမည့်ဧပြီ ၁ ရက်နေ့မှစတင် ပျံသန်းဖွယ်ရှိနေကြောင်း သိရသည်။

ချန်နိုင်းနှင့် မြန်မာနိုင်ငံကြား လေကြောင်းတိုက်ရိုက်ပျံသန်းမှုများကို တစ်ပတ်လျှင် တစ်ကြိမ်နှုန်းဖြင့် ပျံသန်းဖွယ်ရှိနေပြီး စနေနေ့တိုင်းပျံသန်းဖွယ်ရှိနေကာ မြန်မာနိုင်ငံမှ ချန်နိုင်းမြို့သို့ လေကြောင်းတိုက်ရိုက်ပျံသန်းမည့် အစီအစဉ်အချိန်ဇယားကို လာမည့်ရက်ပိုင်းအတွင်း ချန်နိုင်းလေကြောင်း တာဝန်ရှိသူများ ထုတ်ပြန်ဖွယ်ရှိနေကြောင်း သိရသည်။ ထို့အတူ မြန်မာလေကြောင်းလိုင်း တာဝန်ရှိသူများသည် အဆိုပါလေကြောင်းပျံသန်းမည့်အစီစဉ်နှင့်ပတ်သက်ပြီး ကြေညာချက်ထုတ်ပြန်ဖွယ်ရှိနေသည်။

ထိုခရီးစဥ်ဖြစ်ပေါ်ရခြင်းမှာ ဗြိတိန် ကိုလိုနီအစိုးရနှင့် ဗြိတိန် စီးပွားရေးလုပ်ငန်းရှင်များသည် အိန္ဒိယနိုင်ငံ၊ တမီးနာဒူးလ်ပြည်နယ်မှ တမီးလ်လူမျိုးများကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင် တမီးလ်လူမျိုး ၅ သိန်းခန့် ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။ ၁၉၆၀ ပြည့်နှစ်အကျော် မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် မြန်မာနိုင်ငံကိုရောက်ရှိနေသော အိန္ဒိယတမီးလ်လူမျိုးများအတွက် သက်ရောက်မှုများဖြစ်ခဲ့ရပြီး မြန်မာနိုင်ငံမှ ပြန်ပို့ခံရကြောင်းသိရသည်။ သို့သော် လည်း မြန်မာနိုင်ငံတွင် တမီးလ်လူမျိုးများ ဆက်လက်ရှိနေပြီး လက်ရှိအချိန်တွင် တမီးလ်လူမျိုး ၅ သိန်းခန့်နေထိုင်လျက်ရှိနေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ တမီးလ်နာဒူးပြည်နယ်တွင် နေထိုင်နေသော အဖွဲ့အစည်းများသည် တမီးလ်နာဒူပြည်နယ်ချန်နိုင်းမြို့မှ မြန်မာနိုင်ငံထံ လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုများ လုပ်ဆောင်ရန် တောင်းဆိုမှု မြင့်တက်လာခဲ့ပြီးနောက် ရန်ကုန်မြို့နှင့် ချန်နိုင်းမြို့ထံတိုက်ရိုက်ပျံသန်းမည့် လေကြောင်းခရီးစဉ်စတင်ခဲ့ခြင်းဖြစ်သည်။

မြန်မာ လေကြောင်းလိုင်းကလည်း ရန်ကုန်-ချန်နိုင်း လေကြောင်းလိုင်းတိုက်ရိုက်ပျံသန်းရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း သိရသည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနှင့် အာဏာထိန်းသိမ်းမှုများဖြစ်ပွားခဲ့ခြင်းကြောင့် မြန်မာနိုင်ငံနှင့် ပျံသန်းပြေးဆွဲနေသော နိုင်ငံခြားလေကြောင်းလိုင်းအချို့ ရပ်ဆိုင်းခဲ့သော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံနှင့် လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲမှုများ ပြန်လည်လုပ်ဆောင်လာနေကြောင်းသိရသည်။

Ref ——–dailythanthi

Leave a Reply

Your email address will not be published. Required fields are marked *