MT News

Written By Thandar

For You Entertainment ရဲ့ ဒီနှစ် Water Festival ပွဲတော်ကို နာမည်ကြီးအဆိုတော်တွေနဲ့အတူ နာမည်ကျော် DJ တွေပါဝင်ဖျော်ဖြေမယ်လို့ သိရပါတယ်။

အမိုက်ဆုံးနဲ့ အလန်းဆုံး Water Festival ပွဲကို ဧပြီ ၁၃ ရက်ကနေ ၁၆ ရက်အထိ နေပြည်တော်ရဲ့ 5 Stars အဆင့်ရှိ Jasmine Hotel မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒီနှစ်သင်္ကြန်ကို FOR YOU Entertainment မှာ ဆင်နွှဲသူတွေ စိတ်ကြိုက်ကဲနိုင်အောင်လို့ April ၁၃ ရက်ကနေ ၁၆ ရက်နေ့အထိ ၄ ရက်လုံးကို နံနက် ၈ နာရီကနေ ၁၂ နာရီအထိ ၊ မွန်းလွဲ ၂ နာရီကနေ ညနေ ၆ နာရီအထိ Pool site မှာ သင်္ကြန်အငွေ့အသက်အပြည့်နဲ့ စပါယ်ရှယ်ပျော်မြူးလို့ရအောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ညဘက် Indoor Music Festival ပါ ထပ်ပြီး စီစဉ်ထားတဲ့အပြင် Indoor Festival ကလည်း အမိုက်စား DJ တွေနဲ့

ညပိုင်း ၈ နာရီကနေ မနက် ၄ နာရီအထိစိတ်ကြိုက် ကဲလို့ ရအောင် Raver တွေကို ဦးစားပေးပြီး စီစဉ်ထားတဲ့ပွဲလည်းဖြစ်ပါတယ်။

For You Entertainment ရဲ့ Water Festival ဖျော်ဖြေပွဲမှာ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ Snare၊ စန္ဒီမြင့်လွင် ၊ နန်းစုရတီစိုး ၊ သားသား၊ Super Model အဖွဲ့နဲ့အတူ နာမည်ကြီး Dj သမားတွေဖြစ်တဲ့ Headliner DJ Jerry Berry အပြင် နောက်ထပ် DJ NOIZE BASS ၊ DJ DOUBLE X ၊ DJ BOY ၊ DJ LORD ENZO ၊ DJ CHRISTAL Chuu ၊ DJ LYLA ၊ DJ NORA ၊ DJ SNOWLET ၊ DJ KRYSTAL တို့ကလည်း ၂၄ နာရီလုံးကို သီဆိုဖျော်ဖြေပြီး တီးခတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *