၃၁. ၃. ၂၀၂၃
Written by Peya

ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူနေသည့် ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ရာ အသည်းမှာ ဖြစ်သည့် အခြေအနေနှင့် အစာပြွန်တွင်ဖြစ်သည့် အခြေအနေကို ကနဦး တွေ့ရှိရကြောင်း ဆရာတော်ဘုရားကြီး၏ တပည့် သံဃာတော်တစ်ပါးက MT News သတင်းဌာနကို မိန့်ကြားသည်။

“ဗန်းမော်ဆရာတော်ကြီးရဲ့ကျန်းမာရေးအခြေအနေက ပြည်တွင်းမှာစစ်ဆေးခဲ့တဲ့အနေအထားအတိုင်း အရွယ်တော်ကြီးရင့်လာပြီဖြစ်တဲ့အတွက် အသည်းမှာဖြစ်တာရယ်၊ အစာပြွန်မှာဖြစ်နေတာရယ် တွေ့ရှိရပါတယ်။ အခုလက်ရှိ ဘန်ကောက်ဆေးရုံကြီးမှာ အကောင်းဆုံးသမားတော်ကြီးများနဲ့ စစ်ဆေးအဖြေရှာပြီး ကုသမှုခံယူနေပါတယ်။ တိုးတက်မှုလည်း ရှိလာပါတယ်” ဟု အထက်ပါ ဆရာတော်က မိန့်ကြားသည်။

ဆရာတော်ဘုရားကြီး၏ အစာပြွန်တွင် ဖြစ်သော အခြေအနေနှင့် ပတ်သက်၍ ထပ်မံစစ်ဆေးမှုများ ပြုလုပ်ထားကြောင်းနှင့် ဆရာတော်ဘုရားကြီးအတွက် လိုအပ်နေသော အာဟာရများ ရရှိနိုင်ရန်အတွက်လည်း သာသနာ့ရောင်ခြည်အသင်း၊ ဘန်ကောက်မိသားစုများက အနီးကပ် ပြုစုစောင့်ရှောက်လှူဒါန်းနေကြောင်း သိရသည်။

“ပြီးခဲ့တဲ့ ကမ္ဘာအေးမှာ လုပ်ခဲ့တဲ့ နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးတွေ အစည်းအဝေး ဒုတိယနေ့မှာ ဆရာတော်က စဖြစ်တာပါ” ဟု ဆရာတော်က မိန့်ကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News