April 24, 2024

၃၀. ၃. ၂၀၂၃

ရိုက်ကူးတင်ဆက် _ဟေမာ

အခုလိုနွေရာသီမှာ သောက်သုံးရေလိုအပ်ချက်က စည်ပင်သာယာနယ်မြေအတွင်းက မြို့သစ်မြို့နယ်တွေက ရပ်ကွက်တွေအပြင် ရန်ကုန်မြို့ Down Town ဧရိယာအတွင်းမှာပါ ရေအကူအညီလိုအပ်နေကြပြီး ရေတွင်းရေကန်တူးဖော်ခွင့်မရတဲ့ ကျူးကျော်ရပ်ကွက်တွေမှာဆို ရေချိုအခက်အခဲက ပိုမိုဆိုးရွားပါတယ်။

ဒီလိုမျိုး ရေချိုအခက်အခဲကြုံနေရတဲ့အထဲမှာ မြောက်ဒဂုံမြို့နယ်၊ မဟာမြိုင်အိမ်ရာအနောက်ဖက်၊ ငမိုးရိပ်ချောင်းနားမှာ ကျူးကျော်နေထိုင်ကြတဲ့ အခြေခံလူတန်းစားတွေလည်း ပါဝင်ပါတယ်။ ရေတစ်စည်ကို ၁၅၀၀ ပေးဝယ်တာတောင် သောက်လို့မရတဲ့ အခြေအနေမို့လို့ သောက်သုံးရေသန့်ရရှိဖို့ကို လိုက်တောင်းရ၊ ရေလှူသူမျှော်ရတဲ့ သူတို့ဘဝအမောတွေအကြောင်းကို MT News ရဲ့ ဒီရုပ်သံလေးမှာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *