၂၉. ၃. ၂၀၂၃
Written by Thettant

မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသည့် စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲကို မတ် ၂၇ ရက်က ကျင်းပခဲ့ပြီး NUG က လက်နက်တပ်ဆင်ပေးခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁) စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှုသင်တန်း အပတ်စဉ် (၄) သင်တန်းဆင်းပွဲနှင့် လက်နက်ပေးအပ်ပွဲ အခမ်းအနားကို မကွေးတိုင်းတစ်နေရာတွင် ကျင်းပခဲ့ပြီး စစ်သင်တန်းတွင် လက်နက်ငယ်၊ လက်နက်ကြီး ကျွမ်းကျင်မှုဘာသာရပ်များ၊ Drone နှင့် စနိုက်ပါ သင်တန်းများကို ထည့်သွင်းသင်ကြားပေးခဲ့ပြီး NUG က Drone များနှင့် လက်နက်များ တပ်ဆင်ပေးခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ တာဝန်ရှိသူများ၊ ခရိုင်ကွပ်ကဲရေးမှူးများ၊ တပ်ရင်းအသီးသီးမှ တပ်ရင်းမှူး၊ ဒုရင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး သင်တန်းသားအမျိုးသမီး PDF များမှ ဖျော်ဖြေခဲ့သည်ဟု NUG ၏ MOD က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News