၂၉. ၃. ၂၀၂၃

ရိုက်ကူး/တင်ဆက် သန္တာ ၊ ဟေမာ

“အစ်မတို့ လုပ်ထားတာ Hand Made ပန်းချီပေါ့။ ပြန့်သွားတာက Printing ပေါ့။ ကိုယ့် Design ထွက်လိုက်တိုင်း ထွက်လိုက်တိုင်းမှာ Printing အနေနဲ့ လိုက်လိုက်လုပ်တာ ကြုံရတယ်။ အခုလေးတင် မင်းသမီးတစ်ယောက်ရဲ့ မွေးနေ့ပဲ ဖြစ်ဖြစ် ဒီဇိုင်းတစ်ခုကို အမြတ်တနိုးဝတ်ပေးတယ် အဲဒီလို အချိန်မှာ ညတွင်းချင်းပြန့်သွားတာတို့၊ နောက်တစ်နေ့မှာ ကိုယ်တောင် ဘာမှမလုပ်ရသေးခင် ရောင်းတန်းတွေမှာ ပေါ်လာတဲ့အခါကျတော့ စိတ်လည်းမကောင်းဘူး။ ဒါက ဦးနှောက်သက်သက်ဖောက်စားသလို ခံစားရတယ်”လို့ ပန်း ပန်းချီ ၊ ဆေးရေး ပန်းချီ ၊ ကနုတ် စတဲ့ ပန်းချီ ဒီဇိုင်းပိုင်းတွေကို အကောင်းဆုံး ဖန်တီးနိုင်သူ ဒီဇိုင်နာ မေမြတ်ဝါဆိုက MT News ကတစ်ဆင့် ရင်ဖွင့်လာတာကို ဒီရုပ်သံလေးမှာ တွေ့မြင်နိုင်မှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *