MCB ၏ လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ်

၁၀. ၁၀. ၂၀၂၂

Written by Tha Doe

မြန်မာနိုင်ငံသားများဘဏ်၏ အမြတ်ဝေစုအား ဗဟိုဘဏ်ခွင့်ပြုချက်ရမှသာ ခွဲဝေထုတ်ပေးမည်ဟု မြန်မာနိုင်ငံသားများဘဏ် (MCB) က ကြေညာထားသည်။

မြန်မာနိုင်ငံသားများဘဏ်၏ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွက် ကျင်းပမည့် အကြိမ် ၃၀ မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးတက်ရောက်မဲပေးပိုင်ခွင့်နှင့် အမြတ်ဝေစုခံစားခွင့်ရှိသည့် အစုရှယ်ယာရှင်များကို ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၈ ရက် အရောင်းအဝယ်ပိတ်သိမ်းချိန်တွင်ရှိသော အစုရှယ်ယာရှင်စာရင်းအရ MCB ၏ အစုရှယ်ယာပိုင်ဆိုင်သူများကိုသာ သတ်မှတ်သွားမည်ဖြစ်သည်။ ထိုအတွက် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ဖြင့်သာ အကျုံးဝင်မည့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှ စတင်၍ ဝယ်ယူမည့် အစုရှယ်ယာရှင်များမှာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက် ခွဲဝေပေးမည့် အမြတ်ဝေစုများကို ခံစားခွင့်ရမည်မဟုတ်ကြောင်းလည်း အသိပေးထားသည်။

အမြတ်ဝေစုထုတ်ပေးခြင်းကို မြန်မာနိုင်ငံငွေရေး ကြေးရေးအဖွဲအစည်းများဥပဒေ ပုဒ်မ (၁၈၄) အရ ဗဟိုဘဏ်၏ ညွှန်ကြားချက်အမှတ် ၅/၂၀၁၇ နှင့်အညီ တင်ပြခွင့်ပြုချက်ရရှိမှသာ အမြတ်ဝေစုများ ခွဲဝေထုတ်ပေးမည်ဟုလည်း သိရသည်။

MCB အနေဖြင့် ၂၀၂၂ မတ် ၃၁ ရက်အထိ စုစုပေါင်းရရန်ပိုင်ခွင့် ကျပ် ၆၂၅၆၅၀၉၉၀၈၆၃ ရှိပြီး ပေးရန်ပိုင်ခွင့်မှာ ကျပ် ၅၅၄၅၉၅၆၄၇၅၃၄ ရှိကာ အမြတ်လက်ကျန်မှာ ကျပ် ၆၁၃၂၂၀၅၈၄ ရှိနေသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *