MT News

Written by Nay Moe

အမျိုးသမီးတစ်ဦးပါဝင်သော ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့ – ၂ မှ အဖွဲ့ဝင်သုံးဦးက ပခုက္ကူမြို့ ဧရာဝတီတံတားရှိ စစ်ဆေးရေးဂိတ်ကို စက်တင်ဘာ ၄ ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မောင်းပြန် သေနတ်နှစ်လက်သိမ်းဆည်းရမိခဲ့သည်ဟု စက်တင်ဘာ ၅ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဧရာဝတီတံတားရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ပခုက္ကူမြို့ပြပျောက်ကျားတပ်ဖွဲ့ – ၂ မှ တပ်ဖွဲ့ဝင်များမှာ ရဲဘော်ဒီး၊ ရဲမေပူတူးနှင့် ရဲဘော်ဂျွန်ဖောတို့ဖြစ်ပြီး ထိုသို့တိုက်ခိုက်ရခြင်းမှာ ပျောက်ကျားတပ်ဖွဲ့ဝင်များအတွက် မောင်းပြန်လက်နက်ရယူလို၍ ဖြစ်ကြောင်းနှင့် ပါဝင်တိုက်ခိုက်ခဲ့သော ရဲမေပူတူးအတွက် မောင်းပြန်သေနတ်ဝယ်ယူရန် ကျပ် သိန်း ၁၆၀ လိုအပ်သဖြင့် လှုဒါန်းပေးစေလိုကြောင်းလည်း ဖော်ပြထားသည်။

အဆိုပါ ပစ်ခတ်မှုဖြစ်စဥ် ဖြစ်ပွားပြီးနောက် ပခုက္ကူဧရာဝတီတံတားကို ယာယီပိတ်ထားပြီး မြို့ပေါ်တွင်လည်း လုံခြုံရေးတင်းကျပ်ထားကာ စစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်း ပခုက္ကူဒေသခံများထံမှ စုံစမ်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *