



၉.၁၀.၂၀၂၆
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကျိုက်ကလဲကျေးရွာအုပ်စု၊ လာကပုံကျေးရွာ တွံတေး-ကော့မှူးလမ်းဘေးရှိ သဘာဝရေကန်တွင် ယနေ့ (အောက်တိုဘာ ၉ ရက်) နံနက် ၉ နာရီခွဲခန့်က အဘိုးအိုတစ်ဦး ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ဆောင်ခဲ့သူများထံမှ သိရသည်။
သေဆုံးသူမှာ လာကပုံကျေးရွာတွင်နေထိုင်သူ အသက် ၆၈ နှစ်အရွယ် ဦးမောင်ထွန်းဆိုသူဖြစ်ပြီး အရက်သောက်၍ ရေဆင်းကူးရာမှ ရေနစ်ကာ ပျောက်ဆုံးနေခြင်းဖြစ်သည်ဟု ကနဦးသတင်းများအရ သိရသည်။
ရေနစ်ပျောက်ဆုံးနေသူကို တွံတေးမြို့နယ် မီးသတ်စခန်းမှ သန္ဓေအရန်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းရှာဖွေရာ မွန်းလွဲ ၁ နာရီခန့်တွင် သေဆုံးနေသော ရုပ်အလောင်းကို ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။
ရေနစ်သေဆုံးသော အဘိုးအို၏ ရုပ်အလောင်းကို စိတ္တသုခလူမှုကူညီရေးအသင်းမှ အသင်းဝင်များက အသင်းပိုင်ယာဥ်ဖြင့် တွံတေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။
