◾ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဝင်များအား မလေးရှားနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံ
သတိုး
၈. ၁၀. ၂၀၂၆
မလေးရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲ (Malaysia-Myanmar Cooperation Dialogue) ကို ယနေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ဒါတို ဆရီ အန်နဝါ ဘင် အီဘရာဟင်တို့ တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ်က ဝန်ကြီးချုပ်အိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သလို နှစ်နိုင်ငံ တွေ့ဆုံ ဆွေးနွေးမှု၊ နိုင်ငံ့ခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံမှုနှင့် သတင်းစာရှင်းလင်းမှုများ ကျင်းပအပြီး Malaysia-Myanmar Cooperation Dialogue ကို ဆက်လက်ကျင်းပခဲ့ခြင်းဖြစ်သည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ် အဖွဲ့ဝင်များအား မလေးရှားနိုင်ငံဝန်ကြီးချုပ်က ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်းလည်း သိရသည်။
