၈.၁၀.၂၀၂၆
Written By Thandar
ကိုယ်ပိုင်သံစဉ် တေးသီချင်းတွေပါဝင်တဲ့ Romanson Milestone 26 MV မိတ်ဆက်ပွဲ အခမ်းအနားကို အောက်တိုဘာ ၇ရက် ညနေ ၄ နာရီ က ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ Clover Hotel မှာကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ တေးသီချင်းသုံးပုဒ်ကို ပုံဖော်ခဲ့ကြသူတွေဖြစ်တဲ့ နာမည်ကြီး တေးသံရှင် သာဒီးလူ၊ နိုင်းဝမ်း၊ ဗျတ္တနဲ့ Hight Five အဖွဲ့တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။
“ကျွန်တော်အနေနဲ့ သီချင်းလေး မိတ်ဆက်ခွင့်ရလို့ အရမ်းလည်း ဝမ်းသာပါတယ်။ ခုလို သီချင်းစာနယ် ဇင်း မိတ်ဆက်ပွဲတွေမလုပ်တာ တော်တော်ရှားသွားပါတယ်။ ခုလိုစီစဉ်ပေးတဲ့ Romanson ရယ်၊ ကိုဘိုဆန်းနဲ့ ကိုချမ်းသာတို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်သီချင်းလေးသုံးပုဒ်ကို မိတ်ဆက်လိုက်တာပါ။ ပြန်မလာချင်သူ သီချင်းလေးရဲ့ MV က သုံးမိနစ်စာလောက်ပဲဆိုပေမယ့် ပုံဖော်အားစိုက်ဖန်တီးထားကြပါတယ်”လို့ တေးသံရှင် သာဒီလူးက ပြောပါတယ်။
တေးဆိုသာဒီးလူ သီဆိုထားတဲ့ “ပြန်မလာချင်သူ” သီချင်း MV ကို ဒါရိုက်တာ ထွန်းအောင်လင်းက သရုပ်ဆောင်ဖြစ်တဲ့ ရဲလွင်ဦး၊ သက်ဝေကိုနဲ့ အကြိုင်တို့နဲ့ ရိုက်ကူးပုံဖော်ဖန်တီးထားတာဖြစ်ပါတယ်။ တေးဆို နိုင်းဝမ်းနဲ့ ဗျတ္တတို့ရဲ့ “အနတ္တ”သီချင်း MV ကို ဒါရိုက်တာ မေဘရဏီက သရုပ်ဆောင်တွေဖြစ်တဲ့ နိုင်းဝမ်း၊ ဗျတ္တ၊ နက်ရှိုင်းကို၊ JK Sophia တို့နဲ့ အကောင်းဆုံးရိုက်ကူးပေးထားပြီး မိတ်ဆက်ချပြခဲ့ပါတယ်။
တေးဆို Hight Five အဖွဲ့သီဆိုထားတဲ့ “ချိန်ခွင်လျှာ”သီချင်း MVကိုတော့ မကြာခင် ဒါရိုက်တာ ထက်ကောင်းကင်က ရိုက်ကူးပုံဖော်မှာဖြစ်ပါတယ်။ တေးသံရှင်တွေဖြစ်တဲ့ သာဒီလူး၊ နိုင်းဝမ်းနဲ့ ဗျတ္တ၊ Hight Five တို့ရဲ့ တေးသီချင်းတွေကို Bo Bo Music Production, Romanson Myanmar Page တို့နေ စတင်ဖြန့်ချိပေးမှာလည်း ဖြစ်ပါတယ်။
“ကျွန်တော် အလုပ်မလုပ်တာ ၆ နှစ်ကျော်သွားပြီပေါ့နော်။ နောက်ပိုင်း ဒီ Covid အစမဖြစ်ခင်ကတည်းက ဂီတလောကနဲ့ တော်တော်လေး ဝေးကွာသွားတာ ကြာပါပြီ။ အဲ့ဒါကြောင့်လည်း အခုလိုမျိုး ပြန်တွေ့ရတာ လည်း အများကြီး ဝမ်းသာပါတယ်။ ဒီသီချင်းလေးနဲ့ ပတ်သက်လို မလုပ်တော့ဘူးဆိုပြီး နေတာပေါ့။ သီချင်းမလုပ်တော့ဘူးဆိုပြီး နေတဲ့အချိန်မှာ ဒီကိုဘိုဆန်းနဲ့ ကိုချမ်းသာနဲ့ပေါ့၊ သူတို့က အတင်း မရဘူး။ အကိုပြန်လုပ်ပါ။ တိုက်တွန်းကြတယ် သီချင်းတွေ မလုပ်ဖြစ်ပေမယ့် ကျွန်တော် နားထောင်ကြည့်တဲ့ သီချင်းလေးတော့ ရှိပါတယ်။ ညီလေး ဗျတ္တသီချင်း နားထောင်ကြည့်တော့ အရမ်းလည်း အောင်မြင်တယ်။ အသည်းကွဲသမားတွေဆိုတော့ ဗျတ္တနဲ့ပေါင်းပြီး သီချင်းတွေလုပ်ဖြစ်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အရောင်မဆိုးနဲ့ နင်သာရှိရင် သီချင်းတွေကလည်း Romanson ရဲ့ ပံ့ပိုးမှုနဲ့အတု အောင်မြင်ခဲ့တဲ့ သီချင်းတွေပါ။ ကျွန်တော်အတွက်လည်း အကျိုးရှိတဲ့ မိသားစုဝင်လိုဖြစ်နေတာပါ ပြန်ပြီသီချင်းလေး ပြန်လုပ်ဖြစ်တာပါ”လို့ တေးဆို နိုင်းဝမ်းကပြောပါတယ်။
