သတိုး
၈. ၁၀. ၂၀၂၆
မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူသို့ ရောက်ရှိနေသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ယနေ့နံနက် ၉ နာရီအချိန် ဝန်ကြီးချုပ်အိမ်တော်တွင် ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။
မလေးရှားဝန်ကြီးချုပ်အိမ်တော်သို့ ရောက်ရှိလာသော နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်အား မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က ကားအနီးအထိ ဆင်းကာ ဆီးကြိုနှုတ်ဆက်ပြီးနောက် ဂုဏ်ပြုခံစင်မြင့်ပေါ် နှစ်နိုင်ငံခေါင်းဆောင်များ ရောက်ရှိချိန် မလေးရှားနိုင်ငံတော်ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုကာ နှစ်နိုင်ငံ၏ နိုင်ငံတော်သီချင်းများ တီးမှုတ်ခဲ့ကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က မလေးရှားဝန်ကြီးချုပ်အိမ်တော်သို့ ရောက်ရှိမှတ်တမ်းတွင် မှတ်တမ်းတင်ဂုဏ်ပြုလွှာ ရေးသားပေးခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာ မလေးရှား နှစ်နိုင်ငံ့ခေါင်းဆောင်များအကြား ဆွေးနွေးပွဲ ဆက်လက် ကျင်းပမည်ဖြစ်ပြီး ထိုဆွေးနွေးပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် မလေးရှားဝန်ကြီးချုပ်အန်ဝါတို့ သီးသန့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။










