


၇.၁၀.၂၀၂၆
Written by KL
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်၊ စီတာပူရပ်ကွက်၊ မနောကွင်းအနီးတွင် ဆိုင်ကယ်နှင့် ကားတစ်စီး တိုက်မိရာမှ အမျိုးသားတစ်ဦး သေဆုံးမှု အောက်တိုဘာလ ၆ ရက် ည ၁၁ နာရီ ၅၀ မိနစ်ခန့်က ဒေသခံများထံမှ သိရသည်။
ယာဥ်တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသော အမျိုးသားမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။
ဒဏ်ရာများဖြင့် သေဆုံးခဲ့သော အမျိုးသားကို Rest In Peace Group လူမှုကူညီရေးအသင်းမှ အသင်းဝင်များက မြစ်ကြီးနားပြည်သူ့ဆေးရုံကြီးမှ ရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
