၇.၁၀.၂၀၂၆
Written By Thandar
SuperStar Academy က Winner ဆုရှင် လင်းလက်ခွန်ချို အဓိကပါဝင်သရုပ်ဆောင်သွားမယ့် Show Like Premium Series “သိုးဝတ်ရုံ” ဇာတ်လမ်းတွဲ မီဒီယာမိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီက ရန်ကုန်မြို့ Pyay Garden မှာ ကျင်းပခဲ့ပါတယ်။
ညဉ့်ကိုပျိုးတဲ့ သိုးဝတ်ရုံဆိုတဲ့ ဝတ္ထုကောင်းတစ်ပုဒ်ကို Show Like Application က ဖန်တီးပုံဖော်မယ်ဆိုတော့ တကယ်တမ်းပြောရင် ဝတ္ထုကို အရမ်းကြိုက်တယ်။ ရိုက်ကူးမယ့် ဒါရိုက်တာကလည်း ဦးမီးပွားဖြစ်တဲ့အတွက် ဆက်သွားမယ့် ခရီးစဉ်တွေဖြတ်ပြီး ပြန်လာခဲ့တာပါလို့ သရုပ်ဆောင် ကျော်ထက်ဇော်က ပြောပါတယ်။
ဇာတ်ကားမိတ်ဆက်ပွဲအခမ်းအနားကို အနုပညာရှင်တွေဖြစ်တဲ့ ဒါရိုက်တာ အကယ်ဒမီ မီးပွား၊ သရုပ်ဆောင် ကျော်ထက်ဇော်၊ နေဆန်း၊ လင်းလက်ခွန်းချို၊ အေးအေးအောင်၊ ယွန်းမီမီသိမ့်စတဲ့သူတွေ တက်ရောက်ခဲ့ကြပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်ညွှန်းရွှေပြည့်ကရေးဖွဲ့ပြီးတော့ ဒါရိုက်တာ မီးပွားက သရုပ်ဆောင်တွေအနေနဲ့ ကျော်ထက်ဇော်၊ ရဲလွင်ဦး၊ လင်းလက်ခွန်းချို၊ ဇီရတနာပွင့်၊ ယွန်းမီမီသိမ့်၊ မေသန်းနု၊ ဟိန်းဇေ၊ အေးအေးအောင်စတဲ့ သူတွေနဲ့ ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။
#ကျော်ထက်ဇော် #လင်းလက်ခွန်းချို #ဒါရိုက်တာမီးပွား #KyawHtetZaw #LinnLattKhunCho #YoonMiMiThein #AyeAyeAung
#SUPERSTARACADEMY #ShowLike #သိုးဝတ်ရုံ #PYAYGarden
