၆.၁၀.၂၀၂၆
Written By Thandar
Mahar Original Series & BoBo Film Production တို့က ရိုက်ကူးသွားမယ့် မိသားစုဒရာမာဇာတ်လမ်းပုံစံ “အတ္တဖြင့်ချည်သောကြိုး” ဇာတ်လမ်းတွဲကန်တော့ပွဲပေးအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေနားပန်ဘုရားမှာ ကျင်းပခဲ့ပါတယ်။
“တုတုက ဒီဇာတ်လမ်းတွဲမှာ ရှေ့နေမလေးတစ်ယောက်နေရာက ပါဝင်ရမှာပါ။ အတ္တဖြင့်ချည်သောကြိုးဆိုတဲ့အတိုင်း အတ္တတွေက တစ်ယောက်တစ်မျိုးစီကြီးကြပေမယ့် ကိုယ့်ကတော့ တည်တည်ငြိမ်ငြိမ်လေးမြင်ရမှာပါ”လို့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေကပြောပါတယ်။
အဆိုပါဇာတ်လမ်းတွဲကို ဇာတ်ညွှန်းသက်ဦးမောင်၊ D.O.P လင်းအောင်၊ ဒါရိုက်တာ စိုးမိုးမင်းက အောက်တိုဘာ ၇ ရက်မှစတင်ပြီး ဒလမြို့နယ်နဲ့ ရန်ကုန်မြို့မှာ ရိုက်ကူးပုံဖော်သွားမှာဖြစ်ပါတယ်။
သရုပ်ဆောင် အကယ်ဒမီရန်အောင်၊ ထက်အောင်ရှိုင်း၊ ဇော်ရှိုင်းထက်၊ မင်းအာကာ၊ မင်းသူ၊ ဆောင်းဝတ်ရည်မေ၊ ယွန်းဝင့်လွှာအောင်၊ အကယ်ဒမီ ခင်ဇာခြည်ကျော်၊ ချိုမဒီသွင်၊ လှမျိုးသဉ္ဇာနွယ်၊ မေသရဝဏ်၊ ဟန်နီစုစံ၊ အရိုင်း၊ ခိုင်မြဲ၊ ခင်မို့မို့အေး၊ ဝါဝါအောင်၊ လှနုထွန်း၊ ထူးနိုင်လင်း၊ ပိုက်၊ ထူးအောင်ဝေ၊ ထက်လင်း၊ လင်း၊ အိမ့်မှူးသွယ်အောင်၊ ဆောင်းသဇင်မင်း၊ ဆာရာဦး၊ လင်းရတီနဲ့အနုပညာရှင်ပေါင်းများစွာပါဝင်ကြမှာဖြစ်ပါတယ်။
“ကိုရန်လေး@ရန်အောင်ရဲ့ သားနေရာက ကျွန်တော့်က ပါဝင်ရမှာပါ။ ကိုရန်လေးရဲ့အတူ တွဲဖက်အလုပ်လုပ်ရမှာမို့ ခံစားချက်က ဘယ်လိုလဲဆိုတော့ ပျော်တာပေါ့။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ငယ်ငယ်တည်းက ကြည့်ခဲ့ရတဲ့ စီနီယာ ဝါရင့်အကယ်ဒမီရရှိထားတဲ့ မင်းသားကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဦးရန်လေးဆီကလည်း အများကြီး သင်ယူစရာတွေ ရှိပါတယ်”လို့ ဇော်ရှိုင်းထက်က ပြောပါတယ်။
အပိုင်း ၂၀ ပါဝင်မယ့် “အတ္တဖြင့်ချည်သောကြိုး” ရုပ်ဇာတ်လမ်းတွဲကို မကြာခင် Mahar Application, Mahar Movie Channel တွေ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။
#ရနအောင် #ထကအောင်ရှိင်း #ဇော်ရှိင်းထက် #မငးအာကာ #မငးသူ #ဆောင်းဝတ်ရည်မေ #ယန်းဝင့်လွှာအောင် #YanAung #HtetAungShine #SaungWuttYeMay #အတတဖြင့်ချည်သောကြိုး #𝐌𝐚𝐡𝐚𝐫𝐎𝐫𝐢𝐠𝐢𝐧𝐚𝐥𝐒𝐞𝐫𝐢𝐞𝐬
#BoBoFilmProduction
