၆.၁၀.၂၀၂၆
Translated by Htwe Ko Tun
ဘရာဇီးနိုင်ငံတွင် အောက်တိုဘာလ ၄ ရက်က ကျင်းပခဲ့သော သမ္မတရွေးကောက်ပွဲတွင် အဓိက ပြိုင်ဘက်နှစ်ဦးဖြစ်ကြသော လက်ရှိသမ္မတ လူးဝဇ် အီနာဆီယို လူလာဒါ စီလ်ဗာနှင့် လူကြိုက်များသော အထက်လွှတ်တော်အမတ် ဖလာဗီယို ဘောလ်ဆိုနာရို နှစ်ဦးစလုံး သမ္မတအဖြစ်သတ်မှတ်ရန် လုံလောက်သော မဲရာခိုင်နှုန်းမရရှိခဲ့ကြ၍ ၎င်းတိုနှစ်ဦးအဖို့ ဒုတိယအကျော့ရွေးကောက်ပွဲ ယှဉ်ပြိုင်ကြမည်ဟု နိုင်ငံ၏ ရွေးကောက်ပွဲတရားရုံးက အောက်တိုဘာလ ၅ ရက်တွင် ကြေညာခဲ့သည်။
လူကြိုက်များသော ဖလာဗီယို ဘောလ်ဆိုနာရို လက်ရှိသမ္မတ လူးဝဇ် အီနာဆီယို လူလာဒါ စီလ်ဗာထက် မဲအနည်းငယ် အသာရခဲ့သော်လည်း သမ္မတအဖြစ်သတ်မှတ်ရန်လုံလောက်သော အရေအတွက် မရရှိခဲ့၍ ဘရာဇီး၏ နောက်တက်မည့်သမ္မတကို ဒုတိယအကျော့ရွေးကောက်ပွဲတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း ရွေးကောက်ပွဲတရားရုံးက ပြောကြားခဲ့ခြင်းဖြစ်သည်။
လူကြိုက်များသော အထက်လွှတ်တော်အမတ် ဘောလ်ဆိုနာရိုက ၎င်း၏ဖခင် သမ္မတဟောင်း ဂျိုင်ယာ ဘောလ်ဆိုနာရို စတင်ခဲ့သော လက်ယာယိမ်းလူကြိုက်များသော လှုပ်ရှားမှုကို ဆက်လက်လုပ် ဆောင်ရန် ကြိုးပမ်းနေပြီး လက်ဝဲယိမ်း လက်ရှိသမ္မတ လူလာကလည်း ၎င်း၏ စတုတ္ထမြောက် ဆက်တိုက်မဟုတ်သော သမ္မတသက်တမ်းကိုရရှိရန် ကြိုးပမ်းနေသည်။
ဆန္ဒမဲ ၉၉ ရာခိုင်နှုန်း ရေတွက်ပြီးချိန်တွင် ဘောလ်ဆိုနာရိုက မဲ ၄၇ ဒသမ ၂ ရာခိုင်နှုန်းရရှိခဲ့ပြီး လူလာက ၄၅ ရာခိုင်နှုန်း ရရှိခဲ့သည်။ ကိုယ်စားလှယ်လောင်းနှစ်ဦးစလုံး မဲအပြတ်အသတ်အနိုင်ရရန် လုံလောက်သောမဲမရခဲ့သောကြောင့် နိုင်ငံ၏ရွေးကောက်ပွဲတရားရုံးက ၎င်းတို့အနေဖြင့်အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျင်းပမည့် ဒုတိယအကျော့ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ကြမည်ဟု ကြေညာခဲ့သည်။
Ref: AP
