သက်တံ့
၂. ၁၀. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် အရှိန်မထိန်းနိုင်ဘဲ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးကို ဝင်တိုက်သည့်အပြင် အခြားယာဉ်တစ်စီးကိုပါ ထပ်ဆင့် ဝင်တိုက်ခဲ့သည့် အငှားယာဉ်မောင်းအား အမှုဖွင့်ခဲ့မှု ယမန်နေ့ကဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက် မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဌ-ရပ်ကွက်၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၆)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သုဓမ္မာလမ်းအတိုင်း တောင်မှမြောက်သို့ မှော်ဘီမြို့နယ်၊ ကြက်ဖြူကန်ကျေးရွာနေ ဦးဇာနည်ထွန်း(၃၇)နှစ် မောင်းနှင်လာသည့် YGN-9 CC/XXXX TOYOTA CALDINA အငှားမော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ဘေးတွင်ရှိနေသည့် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီမြို့သစ်ရပ်ကွက်နေ မောင်စိုင်းမိုးသောက်(၁၇)နှစ်ပါ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးတို့အား ဝင်ရောက်တိုက်မိခဲ့သည်။
ထို့အပြင် လမ်းဘေးတွင်ရပ်တန့်ထားသော YGN-31 2H/XXXX NISSAN VANETTE မော်တော်ယာဉ်အား ထပ်မံဝင်ရောက်တိုက်မိခဲ့သောကြောင့် မောင်စိုင်းမိုးသောက်ပါ အမျိုးသား သုံးဦးနှင့် အမျိုးသမီး နှစ်ဦးတို့တွင် ထိခိုက်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ဇာနည်ထွန်း အား ဝေဘာဂီနယ်မြေရဲစ ခန်း ယာဉ်(ပ)၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
