သက်တံ့
၂. ၁၀. ၂၀၂၆
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ ယမန်နေ့နံနက်ပိုင်းက စက်ဘီးစီးလာသည့် အမျိုးသမီးတစ်ဦးအား ယာဉ်တစ်စီးက နောက်မှဝင်တိုက်မိမှုဖြစ်ပွား၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၁ ရက် နံနက် ၇ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အနော်ရထားလမ်းပေါ် အမှတ်(၁၁)ရပ် ကွက်ရုံးရှေ့တွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အနော်ရထာလမ်းအတိုင်း မြောက်မှတောင်သို့ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၂၀)ရပ်ကွက်နေ ဦးသော်ဇင်သိန်းထိုက်(၃၅)နှစ် မောင်းနှင်လာသော YGN-4 2G/XXXX KIA BONGO II PICKUP မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လားရာတူရှေ့ရှိ စက်ဘီးစီးနင်းနေသူ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ကုလားကြီးစုကျေးရွာနေ ဒေါ်တင်တင်အုန်း(၃၁)နှစ်အား ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်တင်တင်အုန်းတွင် ထိခိုက်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ဖမ်းမိယာဉ်မောင်း သော်ဇင်သိန်းထိုက်အား လှိုင်သာယာ (အနောက်ပိုင်း) မြို့မရဲစခန်းက ယာဉ်(ပ)၂၀/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။
