၃၀.၉.၂၀၂၆
Written By Thandar
ရွှေနဒီရွှေရည် ရုပ်ရှင်ထုတ်လုပ်ရေးက ဆရာကြီး နွမ်ဂျာသိုင်းရဲ့ တက္ကသိုလ်နောက်ခံဇာတ်လမ်းကို ပြန်လည်ပုံဖော်မယ့် “ညဉ့်ဦးယံ ဒီပြန်တက်ပါလိမ့်”ဇာတ်လမ်းတွဲ ကန်တော့ပွဲပေးပွဲကို ယနေ့ စက်တင်ဘာ ၃၀ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ကျိုက္ကဆံစေတီမှာ ကျင်းပခဲ့ပါတယ်။
“ကျွန်တော်ကတော့ အထူးသဖြင့် ဆရာကြီး နွမ်ဂျာသိုင်းရဲ့ ဇာတ်တွေနဲ့ ဝတ္ထုကို သိခဲ့တယ်။ ဒါကြောင့်ပြန်လည်ပုံဖော်ချင်တာမို့ ဆရာကြီးရှိစဉ်က ပြောဖြစ်ဆိုဖြစ်တာတွေရှိခဲ့ပါတယ်။ ကျွန်တော့်ကားတွေဆို ဦးသက်လွင်ဆို ရိုက်ပါ၊ အများကြီး ရိုက်ပါလို့ ပြောခဲ့တာတွေရှိတယ်။ ဒေါင်းယာဉ်ပျံစရိုက်တုန်းကလည်း ဗီဒီယိုခေတ်ထဲက ကျွန်တော်ရိုက်ခဲ့တယ်။ ဒီ “ညဉ့်ဦးယံ ဒီပြန်တက်ပါလိမ့်” ကို ဝတ္ထုဖတ်ဖူးတဲ့ ပရိသတ်တော့ သိမှာပါ။ ဘာလို့ဆို ကျောင်းဆရာနဲ့ ကျောင်းသူနဲ့ ဇာတ်ဖြစ်တယ်။ ကျောင်းဆရာကလည်း တည်တည်ခန့်ခန့်ဆိုတော့ ကျော်ထက်ဇော်ကိုရွေးဖြစ်လိုက်တာပါ။ အဓိက ဝတ္ထုတွေရဲ့ ဇာတ်ရုပ်ဖော်တဲ့နေရာမှာ အဓိက,လိုက်ဖက်မယ့် သရုပ်ဆောင်တွေ ရွေးချယ်ရိုက်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ပရိသတ်အကြိုက်တွေ့စေမယ့် ဇာတ်မျိုးလေးပါ”လို့ ဒါရိုက်တာ ဇမ္ဗူထွန်းသက်လွင်က MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဇာတ်ကားက ဆရာနွမ်ဂျာသိုင်းရဲ့ ဝတ္ထုကို ဇာတ်ညွှန်း ဟေမာန်ဟိဏ်း၊ သက်ဇွန်၊ ဈာန် (Story Farm)၊ တွဲဖက်ဒါရိုက်တာ ငြိမ်းကိုသက် (ဇမ္ဗူထွန်း)၊ ဒါရိုက်တာဇမ္ဗူထွန်းသက်လွင်က လာမယ့် အောက်တိုဘာ ၅ရက်မှာ ရန်ကုန်တက္ကသိုလ်နဲ့ တောင်ကြီးတက္ကသိုလ်တို့မှာ ရိုက်ကူးပုံဖော်သွားမယ်လို့ သိရပါတယ်။
အပိုင်း ၃၀ စာပါဝင်မယ့်”ညဉ့်ဦးယံဒီပြန်တက်ပါလိမ့်” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်တွေအနေနဲ့ ကျော်ထက်ဇော်၊ အောင်ပိုင်၊ ယမင်းမေဦး၊ ခိုင်သခင်ငုဝါ၊ ကောင်းဆက်ထူး၊ ဘုန်းလျှံ၊ မေသန်းနု၊ လှမျိုးသဉ္ဇာနွယ်၊ ပိုင်သစ်၊ ဆက်ထူးသစ်၊ ဆန်းရှိုင်း၊ ခေတ်ဇွဲသစ်၊ မင်းကမ္ဘာ၊ ဟိန်းထက်အောင်၊ သျှားစု၊ မြတ်မှူးအိန္ဒြေ၊ ဦးဝင်းမြိုင်၊ ဦးစိုးအောင် (သင်္ချာ)၊ ဒေါ်ခင်အုန်းမြင့်၊ သဉ္ဇာထက်၊ နန်းမြတင်၊ အောင်ကျော်ထိုက် စတဲ့သူတွေ ပါဝင်ကြပါတယ်။
#ကျော်ထက်ဇော် #အောင်ပိုင် #ယမင်းမေဦး #ခိုင်သဇင်ငုဝါ #KyawHtetZaw #AungPaing #YaMinMayOo #KhineThazinNguWah #MyanmarActress #ShweNadiShweYi #ညဉ့်ဦးယံဒီပြန်တက်ပါလိမ့်
