နေမိုး
၃၀. ၉. ၂၀၂၆
CRPH, NUG ၏ ထောက်ပို့အဖွဲ့ဝင် ၂၁ ဦး ဖမ်းဆီးခံရမှုမှာ ယခင်ဖမ်းဆီးခံထားရသည့် Wave Money Agent တစ်ဦး၏ စာရင်းများနှင့် ဖမ်းဆီးခံရသူများ၏ ဖုန်းများမှ အချက်အလက်များကြောင့်ဖြစ်ရပါသည်ဟု အကြမ်းဖက်ထောက်ပို့ PRF အဖွဲ့က ဝန်ခံလာသည်။
CRPH၊ NUG နှင့် PDF များအတွက် ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (People’s Revolution Supply Family – PRF Website) အဖွဲ့ဝင်ကာ ငွေကြေး ထောက်ပံ့ပေးပို့နေသူ ၂၇၀၀ ကျော်၏ အချက်အလက်များ ဖော်ထုတ်ထားနိုင်ပြီး ၂၁ ဦး ဖမ်းဆီးရမိထားကြောင်း တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က စက်တင်ဘာ ၂၈ ရက်တွင် အတည်ပြုထုတ်ပြန်ခဲ့အပြီး စက်တင်ဘာ ၂၉ ရက်တွင် ထုတ်ပြန်လာသည့် PRF ၏ ထုတ်ပြန်စာတွင် ထိုသို့ ဝန်ခံလာခြင်းဖြစ်သည်။
တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့က “ဖော်ပြထားသော ဖမ်းဆီးမှုများသည် ယခင်လများအတွင်း Wave Money Agent တစ်ဦး၏ စာရင်းများနှင့် အခြားကိစ္စများကို အကြောင်းပြု၍ ဖမ်းဆီးခံရသူများ၏ ဖုန်းများမှ ရရှိသည့် အချက်အလက်များကို စုစည်းကာ PRF နှင့် ဆက်စပ်ပြီး ချဲ့ကားထုတ်ပြန်ခြင်းသာ ဖြစ်ပါသည်။ တော်လှန်ရေးကို ကူညီပံ့ပိုးခဲ့ကြသည့် ပြည်သူများ ဖမ်းဆီးခံရခြင်းအပေါ် PRF အနေဖြင့် လေးနက်စွာ ဝမ်းနည်းစာနာပြီး ၎င်းတို့အတွက် တရားမျှတမှုရရှိရေး ဆက်လက် တိုက်ပွဲဝင်သွားမည် ဖြစ်ပါသည်။”ဟု PRF ၏ ဝန်ခံချက်က ဖော်ပြသည်။
ထို့အပြင် PRF ထောက်ပို့များ၏ အချက်အလက်များကို တပ်မတော်ထံ ပေးအပ်ကာ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့် Wave Money နှင့် မိခင်အဖွဲ့အစည်းဖြစ်သည့် ရိုးမဘဏ်ကိုလည်း ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် PRF ထောက်ပို့များ ဖုန်းနှင့် ငွေလွှဲမှတ်တမ်းများဆိုင်ရာ လုံခြုံရေးကို အထူးသတိပြုကြရန်လည်း ဝန်ခံချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ပြည်သူများကို သတ်ဖြတ်လုယက် ဆက်ကြေးကောက်ကာ မုဒိမ်းကျင့်လူသတ်မှုများ၊ မူးယစ်ဆေးဖြန့်မှုများနှင့် သယံဇာတခိုးထုတ်မှုများ ပေါ်ပေါ်ထင်ထင်ကျူးလွန်လာနေသော CRPH, NUG နှင့် PDF များကို PRF Website မှတစ်ဆင့် ငွေကြေးထောက်ပံ့သဖြင့် ဖမ်းဆီးခံရသည့် တရားခံများမှာ မိုးညှင်းမြို့နေ ထက်သူအောင်၊ လားရှိုးမြို့နေ မေရီဆန်စင်၊ ရွှေညောင်မြို့နေ မျိုးမြမြတ်ထွန်းကြည်၊ ပုသိမ်ကြီးမြို့နယ်နေ လှိုင်ဖုန်း၊ ပြင်ဦးလွင်မြို့နေ စန်းယုအောင်၊ ပျဉ်းမနားမြို့နယ်နေ သဲအိခိုင်၊ ဇမ္ဗူသီရိမြို့နယ်နေ သီဟ၊ လှည်းကူးမြို့နေ ဇော်ကိုလတ်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်နေ ရန်နိုင်အောင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နေ မျိုးဇော်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ အောင်ဟိန်း၊ မင်္ဂလာဒုံမြို့နယ်နေ ငြိမ်းဝင်းအောင်နှင့် ကျော်ဝင်းစိုး၊ လှိုင်မြို့နယ်နေ မြသီတာ၊ ကြည့်မြင်တိုင်မြို့နယ်နေ သက်နိုင်ထူး၊ ဆိပ်ကြီးခနောင်တို တိုက်နယ်နေ ညွန့်ရီ၊ ပုသိမ်မြို့နေ ကြူကြူဝင်း၊ ဒေးဒရဲ မြို့နေ သိန်းဇင်ထိုက်နှင့် ကြည်ကြည်စန်း၊ မအူပင်မြို့နေ အောင်ဇော်ထွေး၊ ကျောင်းကုန်းမြို့နေ အေးအေးသင်းတို့ ဖြစ်သည်။


