၃၀.၉.၂၀၂၆
Written By Thandar
Sunday Film Production က အထည်ချုပ်သမတွေရဲ့ လူနေမှုဘဝတွေကို ပုံဖော်ထားတဲ့ “နေမမြင်အင်ပါယာ” ရုပ်ရှင်ဇာတ်ကားကြီး Press Show ပွဲအခမ်းအနားကို စက်တင်ဘာ ၂၉ ရက် ညနေပိုင်းက ရန်ကုန်မြို့ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ဒီဇာတ်ကားမှာ အန်တီစိုးက အေးချမ်းမောင်ရဲ့ အမေနေရာကပါ။ ပိုက်ဆံလည်း နည်းနည်းရှိတော့ မောက်မာတာပေါ့။ ကိုယ့်သားကို တခြားသူနဲ့ သဘောမတူဘူးပေါ့။ တကယ့်ကို ဇာတ်လေးကလည်း ကောင်းတယ်ဆိုတော့ လက်ခံရိုက်ကူးဖြစ်ခဲ့တာပါ။ အခြေခံလူတန်းစား အမျိုးသမီးရဲ့ ရုန်းကန်ရတဲ့ ဘဝတွေကို ပုံဖော်ထားတယ်လို့ ပြောလို့ရပါတယ်။ ဦးပွားရဲ့ ဖန်တီးမှုတွေက သိတဲ့အတိုင်းပါပဲ။ ဒရာမာတွေလည်းပါပါတယ်”လို့သရုပ်ဆောင် စိုးမိုးကြည်က ပြောပါတယ်။
အဆိုပါ အခမ်းအနားကို ဒါရိုက်တာ ဦးမီးပွား၊ လွင်မိုး၊ ဇာဂနာ၊ စိုင်းစိုင်းခမ်းလှိုင်၊ နေမင်း၊ ဖြိုးမြတ်အောင်၊ နေ့သစ်အေးအောင်၊ အေးမြတ်သူ၊ မြတ်သူသူ၊ စိုးမိုးကြည်၊ ဆုထက်ကုဋေ၊ လင်းဇာနည်ဇော်၊ ပန်းရောင်ခြယ်၊ ဝင်းမင်းသန်း စတဲ့သူတွေ တက်ရောက်ခဲ့ပါတယ်။
ဒီဇာတ်ကားကို ဝတ္ထု ဖရော်ဆန်၊ ဇာတ်ညွှန်းမိုးမိုးစောဝင်း၊ ဒါရိုက်တာ မီးပွားက နေမမြင်တဲ့နေ့ရက်တွေကို ကြိုးစားဖြတ်ကျော်နေကြရတဲ့ အထည်ချုပ်သမတွေရဲ့ဘဝတွေကို ပုံဖော်ထားတဲ့ရိုက်ကူးထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ အေးချမ်းမောင်၊ အကယ်ဒမီ အေးမြတ်သူ၊ မြတ်သူသူ၊ သံသာညီ၊ ဆုထက်ကုဋေ၊ ယွန်းမီမီသိမ့်၊ ဗညားဘုန်းပြည့်၊ ရဲလွင်ဦး၊ နေသစ်အေးအောင်၊ ခင်သန်းနွယ်၊ စိုးမိုးကြည်၊ မျိုးမျိုးခိုင်၊ မေသက်ကျော်၊ ဆုထက်ထက်ကျော် စတဲ့ အနုပညာရှင်တွေပါဝင်ထားကြပါတယ်။
“နေမမြင်အင်ပါယာ” ရုပ်ရှင်ဇာတ်ကားကြီးကို အောက်တိုဘာ ၂ ရက်နေ့မှာ မြန်မာတစ်ပြည်လုံးရှိ ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။
#အေးချမ်းမောင် #အေးမြတ်သူ #မြတ်သူသူ #သံသာညီ #ဆုထက်ကုဋေ #AyeChanMg #AyeMyatThu #ရဲလွင်ဦး #YeLwinOo #MyatThuThu #ဒါရိုက်တာမီးပွါး #ဖရော်ဆန် #SundayFilmProduction #နေမမြင်အင်ပါယာ
