၂၉.၉.၂၀၂၆
Written By Thandar
ရွှေဧကရီ ရုပ်ရှင်ထုတ်လုပ်ရေးက ပညာပေးဟာသဇာတ်လမ်းပုံစံ “ပထမလင်” ရုပ်ရှင်ဇာတ်ကားကြီး Premiere Show ပွဲအခမ်းအနားကို စက်တင်ဘာ ၂၈ ရက် ညနေပိုင်းက ရန်ကုန်မြို့ သမ္မတအဆင့်မြင့်ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“ပထမလင် ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ပထမဦးဆုံးယူမယ့် ပထမလင်က တစ်လအတွင်း သော်ကေ (သေ) သွားမှာဆိုတော့ အစားထိုးဖို့ ပထမလင်ရှာကြတဲ့အခါ ဘယ်သူက ကံဆိုးစွာနဲ့ ပထမလင် ဖြစ်လာမလဲပုံစံမျိုးလေးပါ။ ပထမလင်ကရော တကယ်သော်ကေမှာလား။ မထင်မှတ်ထားတဲ့ သရုပ်ဆောင်အတွဲအဆက်လေးတွေနဲ့ အလွဲတွေကို ရယ်မောပျော်ရွှင်ရမယ့် ဇာတ်လေးပါ”လို့ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)က ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဝတ္ထုဇာတ်လမ်းကို ငှက်ပြာမောင်မောင်(ချောက်)၊ ဇာတ်ညွှန်းကို လူညိုချောနဲ့ သက်ဦးမောင်တို့ကရေးသားပြီး ဒါရိုက်တာ အကယ်ဒမီ ကိုဇော် (အရုဏ်ဦး) က အချစ်ဟာသဇာတ်လမ်းပုံစံရိုက်ကူးထားပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ အကယ်ဒမီ မြင့်မြတ်၊ အကယ်ဒမီ ကျော်ရဲအောင်၊ ရှိန်းတင်ထူး၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ ရတနာဗို၊ သင်းသဲဗို၊ ယွန်းရွှေရည်၊ ဆင်မ၊ အကယ်ဒမီ တက္ကသိုလ် ဂွမ်းပုံ၊ အကယ်ဒမီ ဝါဝါအောင်၊ ဆင်မ၊ မျိုးမျိုးခိုင်၊ ဇော်ဝင်းနိုင် (မန်း)၊ ဇင်မျိုး၊ အောင်ဇော်မင်းနဲ့ အနုပညာရှင်များစွာ ပါဝင်ထားကြပါတယ်။
#မြင့်မြတ် #အကယ်ဒမီကျော်ရဲအောင် #ရှိန်းတင်ထူး #အကယ်ဒမီရတနာဗို #သင်းသဲဗို #MyaintMyat #KyawYeAung #YadanarBo #SheinTunHtoo #ThinThaeBo #ပထမလင်ရုပ်ရှင်ဇာတ်ကားကြီး
