၂၉.၉.၂၀၂၆
Translated by Htwe Ko Tun
မလေးရှားအစိုးရက မြန်မာအစိုးရနှင့် နေရပ်ပြန်ပို့ရန် သဘောတူညီထားသည့် မြန်မာနိုင်ငံသားများဟု ဆိုကြသော ရွှေ့ပြောင်းနေထိုင်သူ ၅,၀၀၀ အနက် ပထမဆုံးအသုတ်အဖြစ် ရွှေ့ပြောင်းနေထိုင်သူ ၁,၅၀၀ ခန့်ကို ပြန်လည်ပို့ဆောင်ရေးအစီအစဉ် စက်တင်ဘာလ ၂၉ ရက်တွင် စတင်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာလ ၂၉ ရက်တွင် မလေးရှားနိုင်ငံ အနောက်မြောက်ပိုင်းရှိ လာမွတ် (Lumut) ရေတပ်စခန်းအနီးရှိ Majlis Perbandaran Manjung အားကစားကွင်းတွင် ရဲတပ်ဖွဲ့၏ စောင့်ကြပ်မှုအောက်၌ ရွှေ့ပြောင်းနေထိုင်သူများကို သယ်ဆောင်လာသော ဘတ်စ်ကား ဒါဇင်ပေါင်းများစွာ ရောက်ရှိလာခဲ့သည်။ ၎င်းတို့အား သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ မပို့ဆောင်မီ လုပ်ငန်းစဉ်အရ စီမံဆောင်ရွက်မှုများ ပြုလုပ်လိမ့်မည်ဟု မျှော်လင့်ရသည်။
တစ်ဖက်တွင်လည်း မလေးရှားနိုင်ငံက မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်လက်ခံရေး အစီအစဉ်၏ ပထမအဆင့်ကို စတင်ခဲ့ပြီးနောက် လူ့အခွင့်အရေးအဖွဲ့များမှ စိုးရိမ်မှုများ မြင့်တက်လာခဲ့ကြောင်း သိရသည်။
အဆိုပါအဖွဲ့သည် မလေးရှား ထိန်းသိမ်းရေးစခန်းများမှ ဆန္ဒအလျောက် နေရပ်ပြန်ပို့ရန် သဘောတူညီထားသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းနေထိုင်သူ ၅,၀၀၀ အနက် ပထမဆုံးဖြစ်သည်။
ရွှေ့ပြောင်းနေထိုင်သူများကို နီးစပ်ရာ ရေတပ်စခန်းသို့ ပို့ဆောင်ပြီး သင်္ဘောဖြင့် မြန်မာနိုင်ငံသို့ ခေါ်ဆောင်ခြင်းမပြုမီ လုပ်ငန်းစဉ်အရ စီမံဆောင်ရွက်မည်ဟု မျှော်လင့်ရသည်။
သို့သော် အဆိုပါအုပ်စုတွင် ဘင်္ဂါလီမည်မျှရှိသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးသလို မလေးရှား အာဏာပိုင်များက အရေအတွက်ကို ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။ အားကစားကွင်း အတွင်းသို့ သတင်းထောက်များ ဝင်ရောက်ခွင့်မပြုကြောင်းလည်း သိရသည်။
နေရပ်ပြန်ပို့ရေး တွန်းအားပေးမှုဖြင့် မြန်မာနိုင်ငံက ဘင်္ဂါလီ ၅၀၀၀ ကို ပြန်လည်ခေါ်ယူရန် ရှားရှားပါးပါး သဘောတူခဲ့ကြောင်း မလေးရှား ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က ဇူလိုင်လတွင် ကြေညာခဲ့သည်။
ဒုက္ခသည်များအပေါ် တာဝန်ယူဆောင်ရွက်ရသည့် ဝန်ထုပ်ဝန်ပိုးကြောင့် ပင်ပန်းနွမ်းနယ်မှု တိုးလာခြင်းနှင့် ပြည်တွင်း နိုင်ငံရေး အရှိန်အဟုန်တို့က မလေးရှား၏ ဒုက္ခသည်များဆိုင်ရာ မူဝါဒများ အပြောင်းအလဲဖြစ်ရခြင်း၏ နောက်ကွယ်မှ အကြောင်းရင်းများ ဖြစ်သည်ဟု ဒုက္ခသည်အချို့က ပြောကြားကြသည်။
Ref-AFP
