၂၀.၉.၂၀၂၆
Written by NYL
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စတုတ္ထအကြိမ်မြောက် ပါတီညီလာခံ (၂၀၂၆) ဒုတိယနေ့ကို စက်တင်ဘာ ၂၀ ရက်၊ နံနက် ၉ နာရီတွင် အစည်းအဝေး ပထမပိုင်းစတင်ကျင်းပခဲ့ပြီး နေ့လယ် ၃ နာရီတွင် အစည်းအဝေးဒုတိယပိုင်းကို ပြန်လည်ကျင်းပခဲ့သည်။





ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယနေ့ ဒုတိယပိုင်းတွင် ပါတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီအား ထပ်မံရွေးချယ်လိုက်ပြီး ဒုဥက္ကဋ္ဌဦးမြတ်ဟိန်းနှင့် ဦးသောင်းအေး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးတင်အောင်ချစ်၊ တွဲဖက်အထွေထွေအတွင်းရေမှူးအဖြစ် ဦးအောင်အေးတို့အား ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၄၆ ဦး၊ ဗဟိုကော်မတီဝင် ၃၃၆ ဦးနှင့် အရန်ဗဟိုကော်မတီဝင် ၆၈ ဦးအား အသစ်ထပ်မံရွေးချယ်ခဲ့ပြီး ကတိသစ္စာပြုခဲ့ကြောင်း သိရသည်။
