နေမိုး
၁၈. ၉. ၂၀၂၆
ဆိုင်ကယ်ဖြင့် ပြည်မြို့သွားသူကို ပဲခူး PDF များက လမ်းခုလတ်တွင် တားဆီးကာ ပစ်သတ်လိုက်မှု ယမန်နေ့ကဖြစ်ပွားခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက် နံနက် ၅ နာရီ ၃၀ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ မတောင့်တကျေးရွာနေ ဦးဉာဏ်ပိုင်ကျော်(၃၇)နှစ်သည် မတောင့်တကျေးရွာမှ ပြည်မြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ပေါင်းတလည် – ဝက်ထီးကန်သွား ကားလမ်းပေါ်အရောက် PDF များ (အင်အားစိစစ်ဆဲ) က ဆိုင်ကယ်အား တားဆီးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးဉာဏ်ပိုင်ကျော်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းသည် နိုင်ငံ့ဝန်ထမ်းများ၊ ရပ်ကျေးတာဝန်ရှိသူများနှင့် လက်နက်မဲ့ပြည်သူများကို NUG ဩဇာခံ PDF များက သတ်ဖြတ်မှု အများဆုံးကျူးလွန်နေသည့် တိုင်းတစ်တိုင်းဖြစ်သော်လည်း ဖမ်းဆီးရမိမှုနည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ နစကယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ၊ စုစုပေါင်း ၁၀၀၀၀ ကျော် သေဆုံးခဲ့ကာ လူ ၁၅၀၀၀ ခန့် ဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားထားသည်။
