၁၆.၉.၂၀၂၆
Written By Thandar
MPT က “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်ရဲ့ အထူးဆုဖြစ်တဲ့ Brand-New Leapmotor B10 EV ကားသစ်ကြီးကို ရှမ်းပြည်နယ်၊ ပင်လုံမြို့က အထူးဆုကံထူးရှင် ဦးခွန်အောင်သာထံ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းက LOTTE HOTEL မှာ ကျင်းပခဲ့ပါတယ်။
အဆိုပါ အခမ်းအနားကို MPT ရဲ့ စီမံခန့်ခွဲမှုအရာရှိကြီးတွေ ကံထူးရှင်နဲ့ မိသားစုဝင်တွေ မီဒီယာ မိတ်ဆွေတွေ တက်ရောက်ခဲ့ကြပါတယ်။
“ကျွန်တော်တို့ရဲ့ “ဇိမ်ဇိမ်” ပရိုမိုးရှင်း အစီအစဉ်မှာ အထူးဆုကံထူးရှင်ဖြစ်တဲ့ ဦးခွန်အောင်သာဆီ Leapmotor B10 EV ကားအသစ်စက်စက် လွှဲပြောင်းပေးအပ်ရင်း အခုလို ကြည်နူးဖွယ်ဆုလက်ဆောင်ပေးခွင့်ရတဲ့တွက် အလွန်ဝမ်းမြောက်မိပါတယ်။ ဒီအစီအစဉ်ရဲ့ ကံထူးရှင်တွေအားလုံးကို ဂုဏ်ပြုတာပါ။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူတွေအတွက် ပိုမိုတန်ဖိုးရှိတဲ့ ဆုလက်ဆောင်တွေပေးအပ်မယ့် ပရိုမိုးရှင်း အစီအစဉ်တွေကို ဆက်လက် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်” လို့ MPTJO ရဲ့ စီးပွားရေးဌာနကြီးက Mr. Koichi KAWASE က ပြောပါတယ်။






“ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်ကို ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်ကနေ ဇွန်လ ၃၀ ရက်အထိ ကျင်းပခဲ့ပြီး သုံးစွဲသူတွေအတွက် Brand-New Leapmotor B10 EV ကား အထူးဆုအပြင် ငွေသားဆု ကျပ်သိန်း ၃၀ တန် ဆုတွေကို ကံထူးရှင် ၁၅ ဦး၊ iPhone 17 ဆုတွေကို ကံထူးရှင် (၃) ဦးနဲ့ အခြားကံထူးရှင်တွေအတွက် Data ဆုများကိုလည်း ပေးအပ်ခဲ့တာဖြစ်ပါတယ်။
“MPT ရဲ့ “ဇိမ်ဇိမ်” ပရိုမိုးရှင်းအစီအစဉ်ကနေတစ်ဆင့် ဒီ EV ကားသစ်ကြီးကို ကံထူးခွင့် ရရှိခဲ့တဲ့အတွက် အရမ်းပဲ ဝမ်းမြောက်ဂုဏ်ယူမိသလို ကျေးဇူးလည်းတင်ပါတယ်။ ကျွန်တော်က ပက်ကေ့ချ်တွေကို ဝယ်ယူရင်း ဒီအစီအစဉ်မှာ ပါဝင်ခဲ့ပြီး ကံစမ်းမဲလက်မှတ်တွေကို ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် ကံထူးရှင်ဖြစ်လာမယ်လို့တော့ လုံးဝ မျှော်လင့်မထားခဲ့ပါဘူး။ ဒီကားက ကျွန်တော့်မိသားစုအတွက် အများကြီး အထောက်အကူဖြစ်ပါတယ်။ ဒီလို အမှတ်တရအနေနဲ့ အခွင့်အရေးအတွက် MPT ကို အထူးကျေးဇူးတင်ရှိပါတယ်။ MPT ဆက်လက်အောင်မြင်ပါစေ” လို့ရှမ်းပြည်နယ်၊ ပင်လုံမြို့က အထူးဆုကံထူးရှင် ဦးခွန်အောင်သာက ပြောပါတယ်။
ဆက်လက်ပြီး အခြား ပရိုမိုးရှင်းအစီအစဉ်တွေကိုလည်း MPT ရဲ့တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာ
စောင့်ကြည့်ကြဖို့ ပြောလာပါတယ်။
