၁၆.၉.၂၀၂၆
Written by KL
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဝဏ္ဏဝတီမြို့၊ ကျိုက်ကော်ရပ်ကွက်၊ မင်းလမ်းနှင့် အောက်ကျင်းလမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် ဘုရားစင်ရှိ အလှဆင်မီးကြိုး အပူလွန်ကဲရာမှ နေအိမ်တစ်လုံး မီးလောင်မှု ယနေ့ စက်တင်ဘာလ ၁၆ ရက် နံနက် ၂ နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း မီးငြှိမ်းသတ်သူများထံမှ သိရသည်။
မီးလောင်မှုကြောင့် နှစ်ထပ်အုတ်ခံ၊ ပျဉ်ထောင်အိမ်တစ်လုံးနှင့်အတွင်းပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး လူထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။
မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များနှင့် သန္ဓေအရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၂၀ မိနစ်ခန့်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
နေအိမ်မီးလောင်မှုကြောင့် အိမ်ပိုင်ရှင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် ရဲစခန်းက အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
