၁၆.၉.၂၀၂၆
Written By Thandar
မြနန်းတော်ဝင် ရုပ်ရှင်ထုတ်လုပ်ရေးက ဆရာမပုဏ္ဏမီရဲ့ ထင်ရှားကျော်ကြားလှတဲ့ဝတ္ထုကို ဒါရိုက်တာ ဟိန်းစိုးက ဒရာမာစစ်စစ် ပြန်လည်အသက်သွင်းဖန်တီးထားတဲ့ “အတ္တကမ်းပါး”ရုပ်ရှင်ဇာတ်ကားကြီး Family Show ကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းက ရန်ကုန်မြို့ နဝဒေးရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။
“အတ္တကမ်းပါး” မှာ မေလေးက ပိုချိုဆိုတဲ့ ဇာတ်ကောင်ကာရိုက်တာနေရာက ပါဝင်ထားပါတယ်။ သူက မိခင်တစ်ယောက်လည်း ဖြစ်တယ် ဒါပေမယ့် အနှိမ့်ချခံရတဲ့သူမို့ တစ်ချိန်မှာပြန်ပြီး အတ္တတွေပေါက်ဖွားတာပေါ့နော်။ အငြိုးကြီးတဲ့ မိန်းကလေးပေါ့။ အတ္တအရမ်းကြီးရင်လည်း မှားတတ်တယ်ဆိုတဲ့ Message လေးရမယ်။ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီးတော့ မဆုံးဖြတ်သင့်ဘူးဆိုတာတွေ မြင်ရမှာပါ”လို့ အကယ်ဒမီ မေမြင့်မိုရ်က ပြောပါတယ်။
အဆိုပါဇာတ်ကားကို ဝတ္ထုပုဏ္ဏမီ၊ ဇာတ်ညွှန်း ညမွှေးပန်းနဲ့ ငွေစင်သွန်း၊ ဒါရိုက်တာ ဟိန်းစိုးက အမုန်း၊ အတ္တနဲ့ လျှို့ဝှက်ချက်တွေနဲ့ ဒရာမာဇာတ်လမ်းပုံစံ ပုံဖော်ထားတာလည်းဖြစ်ပါတယ်။
သရုပ်ဆောင်တွေဖြစ်တဲ့ ရှင်မွေလ၊ အကယ်ဒမီ ခိုင်နှင်းဝေ၊ အကယ်ဒမီ မေမြင့်မိုရ်၊ ဝေလာရီ၊ သုန္ဒြေဦး၊ ဇော်ဝင်းနိုင်၊ သက်ဦးကို၊ ဝင်းမင်းသန်း၊ ကလေးသရုပ်ဆောင် သွန်းပြည့်သဒ္ဒါစံနဲ့ အနုပညာရှင်များစွာပါဝင်ထားကြပါတယ်။
“အတ္တကမ်းပါး”ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် စက်တင်ဘာ ၁၈ ရက်မှာ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံကြီးတွေမှာ ရုံတင်ပြသမှာဖြစ်ပါတယ်။
#ရှင်မွေလ #ခိုင်နှင်းဝေ #မေမြင့်မိုရ် #ဝေလာရီ #သုန္ဒြေဦး #ဇော်ဝင်းနိုင် #ShinMweLa #KhineHninWai #MayMyintMo #WaiLaRi #အတ္တကမ်းပါး #AttaKamPar #မြနန်းတော်ဝင်ရုပ်ရှင်ထုတ်လုပ်ရေး
