MT News
၁၆. ၉. ၂၀၂၆
ရှမ်းပြည်နယ်၊ သီပေါမြို့နယ်တွင် တရုတ်နိုင်ငံသား ၉ ဦးပါဝင်သော အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ကိုင်လျက်ရှိသူများအား လက်နက်၊ လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။





ဖြစ်စဥ်မှာ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ နမ့်ခမ်းကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူများ နေထိုင်လျက်ရှိကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက အဆိုပါနေရာသို့သွားရောက်၍ စုံစမ်းရှာဖွေဖော်ထုတ်မှုများဆောင်ရွက်ခဲ့ရာ ယမန်နေ့နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် နေအိမ်တစ်လုံးအတွင်းမှ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူ တရုတ်နိုင်ငံသား အမျိုးသား ၈ ဦး၊ အမျိုးသမီး ၁ ဦး၊ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦး အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၁၃ ဦးတို့အား Type-81 သေနတ် ၁ လက်၊ ကျည် ၆၀ တောင့်၊ ကျည်အိမ် ၄ ခု၊ ဖုန်းမျိုးစုံ ၂၂ လုံး၊ Laptop ၁ လုံး၊ Starlink ၄ စုံ၊ 12 V Battery ၁ လုံး၊ Solar Battery ၂ လုံး၊ Solar (620 W) ၆ ချပ်၊ Solar (420 W) ၁ ချပ်၊ အုတ်ကာ သွပ်မိုး အလျား ၅၀ ပေ၊ အနံ ၃၀ ပေ အဆောက်အအုံ ၁ လုံး၊ သွပ်ကာသွပ်မိုး အလျား ၃၀ ပေ၊ အနံ ၂၀ပေ အဆောက်အအုံ ၂ လုံးနှင့် အခြားလုပ်ငန်းသုံး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါအွန်လိုင်းလိမ်လည်လောင်းကစားမှုများ လုပ်ကိုင်လျက်ရှိသည့် ဖမ်းဆီးရမိသူများအား လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ပြီးစီးပါက တည်ဆဲဥပဒေများနှင့်အညီ ထိရောက်ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး သိမ်းဆည်းရမိသည့် လုပ်ငန်းသုံးပစ္စည်းများအား လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
