၁၄.၉.၂၀၂၆
Written By Thandar
“အိပ်မက်တွေတကယ်ဖြစ်လာဖို AYA Pay ကို သုံးကြစို” ကမ်ပိန်းရဲ့ Mid-Campaign Lucky Draw သိန်း ၁,၀၀၀ ကံထူးရှင်ရွေးချယ်ပွဲကြီးကို စက်တင်ဘာ ၁၃ ရက် မွန်းတည့် ၁၂နာရီက ရန်ကုန်မြို မင်္ဂလာဒုံမြိုနယ်ရှိ Terminal M မှာ ကျင်းပခဲ့ရာ Brand Ambassador နာမည်ကြီးအဆိုတော်တွေနဲ့အတူ စိုင်းစိုင်းခမ်းလှိုင် တက်ရောက်ခဲ့ပါတယ်။
“ကျွန်တော့်အနေနဲ့ AYA Pay ကိုတော့ ရှိုးပွဲကျင်းပချိန်မှာလည်း စပြီးတော့ ပွဲ Ticket လက်မှတ်တွေကို စတင်သုံးစွဲခဲ့တာပါ။ ဒါကြောင့် AYA Pay အနေနဲ့ကျေးဇူးတုံပြန်တဲ့အနေနဲ့ Mid-Campaign သိန်း ၁,ဝဝဝ ဆုကြီး ကို ကိုယ်တိုင်လာရောက်ရွေးချယ်မဲဖောက်ပေးခဲ့တာပါ။ AYA Pay Wallet ကိုသုံးစွဲသူတွေကို နောက်ဆုံး အမြင့်ဆုံး ဆုကြီးဖြစ်တဲ့ သိန်း ၃,ဝဝဝ Lucky Draw ရွေးချယ်ဖို့အတွက်လည်း ကြိုပြီး Digital Tickets တွေ ပိုမို စုဆောင်းထားရင်ရမှာ”လို့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်က ပြောပါတယ်။
အဆိုပါ အခမ်းအနားမှာ AYA Pay ရဲ့ Brand Ambassador နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင် ၊ Project K၊ ချမ်းမြေ့မောင်ချို၊ MC ထရီဇာခိုင်တို့ တက်ရောက်ခဲ့ကြပါတယ်။ Brand Ambassador ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်က ကျပ်သိန်း ၁၀၀၀ ဆုကြီးကံထူးရှင်ကို တိုက်ရိုက်မဲနှိုက်ရွေးချယ်ပြီး ဖုန်းဆက်သွယ်ပေးခဲ့ရာ မစုလှိုင်ထွန်း ဒဂုံဆိပ်ကမ်းမြို့က ကျပ်သိန်း ၁၀၀၀ ရရှိခဲ့တာဖြစ်ပါတယ်။ ကံထူးရှင်ကို AYA Pay Hotline 01-470 5777 နဲ့ ၃ ကြိမ်တိုင်တိုင်ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။



“အိပ်မက်တွေ တကယ်ဖြစ်လာဖို့ AYA Pay ကို သုံးကြစို့” Campaign ကို အခု ဧပြီလ ၁၇ ရက်ကနေ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကျင်းပ ပေးနေခြင်းဖြစ်ပြီး AYA Pay ကို အသုံးပြုသူတွေက Digital Tickets တွေ စုဆောင်းထားရုံနဲ့ ပါဝင်နိုင်မှာ ဖြစ်တယ်လို့ဆိုပါတယ်။ ဒါ့ပြင် လစဉ် သိန်း ၂၀ ကံထူးသူ ၁၀ ဦးနဲ့ အများဆုံး သုံးစွဲသူ Top 10 ဆုတွေကို ချီးမြှင့်ပေးလျက်ရှိသလို လာမယ့် ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလမှာလည်း အမြင့်ဆုံး သိန်း ၃,၀၀၀ Grand Prize ကံထူးရှင်ကိုလည်းရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။
အဲဒီနောက် တက်ရောက်လာကြတဲ့ နာမည်ကြီးအဆိုတော်တွေဖြစ်တဲ့ Project K, ချမ်းမြေ့ မောင်ချိုတို့က တေးသီချင်းတွေဖျော်ဖြေခဲ့သလို ပရိသတ်တွေများစွာ တက်ရောက်ခဲ့ကြပါတယ်။
